Philips Avent လေးဟာ အရည်အသွေးမြင့် 4 in 1နို့ဘူးပေါင်းစက်ဖြစ်ပါတယ် ။
4 in 1 ဆိုတဲ့အတိုင်း
၁၊ အရွယ်အစားသေးငယ်သောကလေးပစ္စည်းများ
၂၊ အလယ်အလတ် အရွယ်အစားရှိသော ကလေးပစ္စည်းများ(toddler plates, knives, forks)
၃၊ အရွယ်အစားကြီးမားသော ကလေးပစ္စည်းများ (နို့ဗူးများ အများဆုံး ၆ဗူးထိ)
၄။ကလေးပန်းကန်ခွက်များ စတဲ့ အမျိုးမျိုးသောပစ္စည်းတွေက်ု
၆ မိနစ်အတွင်း ၉၉.၉၉ % အထိ တစ်ပြိုင်နက်တည်း ပေါင်းခံပိုးသတ်သန့်စင်ပေးနိုင်တာမို့ အလုပ်များတဲ့ မေမေတွေကို အလုပ်မရှုပ်စေပဲ အချိန်ကုန်သက်သာပြီး မြန်ဆန်စွာ အလုပ်ပြီးမြောက်စေမှာပါ။ ၆မိနစ်ပြည့်တာနဲ့ အလိုအလျောက် ပိတ်နိုင်တဲ့ စနစ်ဖြစ်တာကြောင့် စောင့်စရာမလို မီးတာခလည်း ချွေတာပြီး ဖြစ်စေမှာပါ။
ပေါင်းခံထားသော ပစ္စည်းများကို အအေးခံသောအဆင့်မြင့်လုပ်ဆောင်ချက်လည်းပါပြီး အေးသွားသောအခါ ထုတ်ယူနိုင်ကြောင်းကို အလိုအလျောက်အချက်ပြစနစ်ပါတဲ့အပြင် အချိန်မအားလပ်သေးလို့ မထုတ်ယူနိုင်တဲ့အခါ ပေါင်းခံပိုးသတ်ထားသော ပစ္စည်းများကို ၂၄ နာရီထိ ထိန်းပေးထားရှိနိုင်တာ ပိုမိုစိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။
အသုံးပြုပုံ
----------
၁။ပေါင်းစက်အောက်ခြေခွက်ထဲတွင် ရေ 100ml ထည့်ပါ။
၂။နို့ဘူးနှင့် ကလေးအသုံးအဆောင်များကိုပေးထားတဲ့အဆင့်အတိုင်းအစီအရီထည့်ပါ။
၃။ပြီးလျင်အောက်ခြေမှာရှိတဲ့ ခလုတ်ကို ဖွင့်ပေးပါ။
၄။၆မိနစ်ပြည့်လျှင် အလိုအလျောက်ခလုတ်ပိတ်သွားပါမည်။
၅။ထည့်ထားသောပစ္စည်းများ အအေးခံပြီးလျှင်လည်း အချက်ပြပေးပါသည််။
-Philips AVENT 4-in-1 Electric Steam Sterilizer
-Material;Polypropylene
-Dimensions :290×160×350mm(w×d×h)
-Weight: 1.5kg
-Voltage: 220V
-မည့်သည့်ကလေးနို့ဗူးမဆိုပေါင်းနိုင်ခြင်း
-99.9% သောပိုးများကိုသေစေနိုင်ခြင်း
-country of origin- Turkey
Code: 8710103536666
tracker id: 6 #722