Nuby တံဆိပ် သွားနဲ့သွားဖုံးသန့်ရှင်းတဲ့ အဝတ်စငယ်လေးများ ဖြစ်ပါတယ်။ Fluoride-မွေးကင်းစဘေဘီလေးတကို သွားဖုံးတို့ ခံတွင်းတို့ သန့်ရှင်းရေးလုပ်တဲ့အခါ ဂွမ်းလေးတွေကို ရေစွတ်ပြီး သန့်စင်ပေးတာက မသန့်စင်နိုင်တာလဲရှိနိုင်သလို မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားဝင်ဖို့လည်း လွယ်ကူပါတယ်။ Nuby Tooth & Gum Wipes လေးတွေကိုတော့ ပိုးသတ်ပြီးသားဖြစ်လို့ ကလေးလေးတွေအတွက်လဲ အန္တရာယ်ကင်း မေမေတို့အတွက်လဲ သုံးစွဲရလွယ်ကူပြီး အချိန်ကုန်လည်းသက်သာစေပါတယ်။
မွေးစကလေးလေးတွေ အတွက်သာမက Toddlers လေးတွေ အတွက်လဲ ခရီးသွားချိန်ဖြစ်ဖြစ် အပြင်သွားရင်ဖြစ်ဖြစ် လွယ်လွယ်ကူကူ သန့်ရှင်းပေးနိုင်သလို သွားတိုက်ရမှာကြောက်တတ်တဲ့ မတိုက်တတ်သေးတဲ့ကလေးတွေအတွက်လည်း အသုံးဝင်တာမို့ မေမေတို့ မရှိမဖြစ်ဆောင်ထားရမဲ့ ပစ္စည်းလေးတခုပါ။ ကလေးငယ်များရဲ့ သွားနှင့်သွားဖုံးများအား အချိန်မရွေး နေရာမရွေး လွယ်ကူစွာ သန့်ရှင်းပေးနိုင်ပါတယ်။
အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ လုံးဝ မပါဝင်ဘဲ သဘာဝပစ္စည်းများဖြင့်သာ ပြုလုပ်ထားပါတယ်။ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ ကလေးများကြိုက်နှစ်သက်သည့် အရသာ ချိုချိုမွှေးမွှေးလေး ခံစားရအောင် ထုတ်လုပ်ပေးထားပါတယ်။
သွားနှင့် သွားဖုံးများကို ပျက်စီးစေသော ခံတွင်းအတွင်းရှိ ဘက်တီးရီးယားများနှင့် ပိုးမွှားများကို 99.99% သန့်စင်ပေးပါတယ်။ ဒီ Wipes လေးတွေဟာ အလွန်နူးညံတာကြောင့် နူးညံတဲ့ ကလေးငယ်တို့ရဲ့သွားဖုံးလေးတွေ ထိခိုက်မှာ စိတ်ပူစရာလည်း မလိုတော့ပါ။
-Nuby Tooth & Gum Wipes သွားနှင့်ခံတွင်း သန့်ရှင်းရန် အဝတ်စငယ်များ။
- တစ်ထုပ်တွင် (၃၆) ထည်ပါဝင်ခြင်း။
- ဘက်တီးရီးယား ပိုးမွှား (၉၉.၉၉%) သန့်စင်ထားပြီးဖြစ်ခြင်း။
- ဓာတုပစ္စည်းမပါဝင်ခြင်း။
- ဖလူအိုရိုက်၊ ပါရာဘန်နှင့် သကြားမပါဝင်ခြင်း။
-Made in USA.
Code: 370797175367
tracker id: 3 #5114