• Vpo9960wll7eevclzh29 Vpo9960wll7eevclzh29

Champs Emulsion Cod Liver Oil Orange အားဆေးအရည် (350ml)

10,900 Ks


Champs Emulsion Cod Liver Oil ငါးကြီးဆီအားဆေးရည်လေးဟာ ကလေးတွေဉာဏ်ရည်ထက်မြက်ပြီးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုက်ကျွေးရတဲ့အားဆေးရည်လေးဖြစ်ပါတယ်။ Omega 3 Fatty Acid (EPA&DHA) ပါ၀င်မှုဟာ အခြားဆေးတွေထက် ၃၅-ဆပိုမိုပါ၀င်တဲ့အတွက် ဦးနှောက်ဖွံ့ဖြိုးတက်မှုအားကောင်းစေပြီးဉာဏ်ရည်ထက်မြက်စေတဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်းမြင့်မားစေပါတယ်။ Vitamin A ပါ၀င်တဲ့အတွက် အမြင်အာရုံကောင်းမွန်စေပြီး Vitamin D နဲ့ Calcium တို့လည်းပါ၀င်တာကြောင့် ကလေးတွေရဲ့အရိုးနဲ့သွားများကိုကြံ့ခိုင်သန်မာစေနိုင်ပါတယ်။
ငါးကြီးဆီကိုအရည်ပုံစံထုတ်လုပ်ထားတာကြောင့်အစာအိမ်ကစုပ်ယူမှုလွယ်ကူစေပါတယ်။ ငါးညှီနံ့လုံး၀မရှိဘဲ လိမ္မော်အရသာလေးကြောင့် ဆေးကြောက်တဲ့သားသားမီးမီးလေးတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။

တိုက်ကျွေးရန်ပမာဏ
၄-နှစ်အောက်ကလေးများအတွက် တစ်နေ့ ၁-ဇွန်း
၄- ၁၂ နှစ်ကလေးများအတွက် တစ်နေ့ ၂-ဇွန်း
၁၂-နှစ်အထက် ကလေးများအတွက် တစ်နေ့ ၃-ဇွန်း
-ကလေးတစ်ဦးချင်း၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်၍ ကျန်းမာရေး၀န်ထမ်းများ၏ အကြံပြုချက်နှင့်အညီတိုက်ကျွေးနိုင်ပါသည်။

Champs Emulsion 15ml ဇွန်း ၁-ဇွန်းတွင်_
Cod Liver Oil (EPA&DHA) - 450mg
Vitamin A - 850IU
Vitamin D - 85IU
Calcium - 100mg ပါ၀င်ပါတယ်။

သတိပြုရန်
ဆေးပမာဏပိုတိုက်ကျွေးမိပါက အော့အန်စေနိုင်ပါသည်။
ဆေးဘူးကိုနေရောင်ခြည်တိုက်ရိုက်မထိတွေ့တဲ့အေးမြခြောက်သွေ့တဲ့နေရာမှာထားပါ။

- ငါးကြီးဆီအားဆေးရည်
- 350ml ပါ၀င်ခြင်း (Orange)
- Cod Liver Oil ( EPA&DHA) , Vitamin A, Vitamin D , Calcium တို့
ပါ၀င်ခြင်း
- Omega3 Fatty Acid 35-ဆ ပိုမိုပါ၀င်ခြင်း
- ငါးညှီအနံ့မရှိတဲ့လိမ္မော်အရသာဆေးရည်ဖြစ်ခြင်း
- ဉာဏ်ရည်ထက်မြက်ပြီးဖွံ့ဖြိုးတိုးတက်စေခြင်း
- အမြင်အာရုံကောင်းမွန်စေပြီး အရိုးနဲ့သွားများကြံ့ခိုင်သန်မာစေခြင်း
- Made in Malaysia



Code: 9557046015037

tracker id: 8 #12989