• N5lkzg8kffwd0ofiu8ih N5lkzg8kffwd0ofiu8ih

Merries Diaper Pant M-size, (6-11kg), 58 Pcs, Boy/Girl

35,000 Ks

Merries Diaper Pant ဘောင်းဘီ Diaper ဟာဆိုရင် ၁၃ပေါင်မှ၂၄ပေါင်အတွင်းရှိ သားသားမီးမီးလေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ဒိုက်ဘာဘောင်းဘီလေးဖြစ်ပါတယ်။ နူးညံ့ပါးလွှာပြီး အရည်အသွေးကောင်းတဲ့ ဂျပန်နိုင်ငံရဲ့ နံပါတ်တစ် ဘောင်းဘီ Diaper အမျိုးအစားပဲ ဖြစ်ပါတယ်။ သာမန်ထက် ၂ဆခွဲ ပိုပြီး ချုံ့နိုင်ချဲ့နိုင်စွမ်း ရှိတာကြောင့် ကလေးလေးတွေကို ဝတ်ဆင်ပေးရတာလည်း လွယ်ကူစေသလို ဝတ်နေတဲ့အချိန်မှာလည်း သက်တောင့်သက်သာမှု ရှိစေပါတယ်။ ကလေးလေးတွေရဲ့ ဝမ်းဗိုက်လေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်မနေစေဘဲ လှုပ်ရှားမှုတိုင်းမှာလည်း တစ်သားတည်း ဖြစ်စေပါတယ်။
Diaper အတွင်းမျက်နှာပြင် သာမက အပြင်မျက်နှာပြင်နဲ့ ခါးပတ်လည် နေရာနားတွေမှာပါ လှိုင်းတွန့် အခုံးလေးတွေနဲ့ လေဝင်လေထွက် ပိုကောင်းအောင် ပြုလုပ်ထားတာကြောင့် အစိုဓာတ်နဲ့ အပူဓာတ်တွေကိုလည်း ပိုပြီးလျော့ချပေးနိုင်ပါတယ်။ စုပ်ယူမှုအားကောင်းပြီး ခြောက်သွေ့မှု မြန်ဆန်တာကြောင့် ကလေးလေးတွေ တင်ပါးနားတစ်ဝိုက် နီမြန်းယားယံမှာ၊ ပူလောင်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူးနော်။ ဘေးမှာပါတဲ့ Side Gather လေးက ယိုစိမ့်မှုကို ကာကွယ်ပေးတာကြောင့် ညဖက်ဘယ်လိုပဲ လှိမ့်အိပ်အိပ် ကလေးငယ်လေးတွေကို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ စိုထိုင်းမှုပြ အမှတ်အသား ပါဝင်တာကြောင့်လည်း မေမေတို့ကို အလုပ်ရှုပ်သက်သာစေပါတယ်။

- Merries Diaper Pant
- M size ( 6-11kg (or) 13- 24 lb.) အတွင်း ဝတ်ဆင်နိုင်ခြင်း
- Boy/Girl နှစ်မျိုးစလုံး ဝတ်ဆင်နိုင်ခြင်း
- 58 Pcs ပါဝင်ခြင်း
- Gel Type အမျိုးအစားဖြစ်ခြင်း
- Indicator ပါရှိခြင်း
- ၁၂ နာရီကြာ ဝတ်ဆင်နိုင်ခြင်း
- ရေ ၄ လီတာခန့်ထိ စုပ်ယူနိုင်ခြင်း
- Made In Japan



Code: 4901301230591

tracker id: 11 #1040