Mama's Baby ကလေးကပ်ခွာဒိုက်ဘာလေးတစ်ထုပ်မှာ 34ခုပါပြီး(5-10) Kg ထိ ၀တ်လို့ရတဲ့ Medium ဆိုဒ်လေးဖြစ်ပါတယ်။ ၀တ်ရတာပေါ့ပါးပြီး ယိုစိမ့်မှုမရှိအောင် ထိန်းထားနိုင်ခြင်းကြောင့် ကလေးတို့အတွက် ညဘက်အိပ်စက်တဲ့အခါ စိုစွတ်မှုမရှိစေလို့ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ စုပ်ယူမှုအားကောင်းပြီး ပေါက်ထွက်ခြင်းမဖြစ်စေပဲ ကလေးတွေကို ဒိုက်ဘာခဏခဏ လဲပေးခြင်းမှ ကင်းစေပါတယ်။
နူးညံ့တဲ့ အတွင်းသားကြောင့် ကလေးတင်ပါးလေးနဲ့ထိတွေ့တဲ့အခါ နာကျင်မှု၊ ပွန်းရှမှုကို မဖြစ်စေပါဘူး။ လေ၀င်လေထွက် ကောင်းအောင်ထုတ်လုပ်ထားခြင်းကြောင့် ကလေးလေးတွေအတွက် သက်တောင့်သက်သာ ဖြစ်စေပါတယ်။
ဒိုက်ဘာအသားက ဂျယ်နဲ့ပြုလုပ်ထားတာကြောင့် စိုစွတ်မှုကို 8 နာရီကြာအောင်ထိန်းထားနိုင်ခြင်းကြောင့် အပူလောင်ခြင်းများကို ကင်းစေပါတယ်။ ကပ်ခွာပုံစံထုတ်လုပ်ထားလို့ အလွယ်တကူ၀တ်ဆင်နိုင်ပြီး ချွတ်ရတာလည်းလွယ်ကူစေပါတယ်။
- M( 5-10kg) or ( 11-22lb)အတွင်း၀တ်ဆင်နိုင်ခြင်း
- 34 Pcs ပါ၀င်ခြင်း
- Boy/Girl နှစ်မျိုးစလုံးအသုံးပြုနိုင်ခြင်း
- Gel Type အမျိုးအစားဖြစ်ခြင်း
- 8 နာရီကြာ ၀တ်ဆင်နိုင်ခြင်း
- Indicator မပါ၀င်ခြင်း
- ရေခွက် 5 ခွက်စာပမာဏဆန့်ခြင်း
- Made In Japan
Code: 6970848535788
tracker id: 0 #164