• W9qjbhadmwupuq5fxjis W9qjbhadmwupuq5fxjis

Lovely Baby Diaper Pant M (11 Pcs)

3,550 Ks

Lovely Baby ဒိုက်ပါဘောင်းဘီလေးဟာ ကလေး15-22ပေါင်အတွင်းဝတ်ဆင် နိုင်ပါတယ်။ ဆွဲသားဖြစ်ပြီး သားသားမီးမီးလေးတို့ ဝတ်ဆင်တဲ့အခါ ပွပွကြီးဖြစ်မနေစေဘဲ အံဝင်ခွင်ကျလေးနဲ့ သက်တောင့်သက်သာ ဖြစ်နေစေမှာပါ။ အတွင်းမှာ အသုံးပြုထားသော ဝါဂွမ်းလေးများကို ပိုးသတ်၊ ပေါင်းသတ်ပြီး ထုတ်လုပ်ထားပါတယ်။ အတွင်း၊ အပြင် အလွှာလေးကလည်း ချည်သားစစ်စစ်ကို အသုံးပြုထားတဲ့အတွက် လေဝင်လေထွက်ကောင်းမွန်ပြီး ပူအိုက်နေတာမျိုးမဖြစ်စေပါဘူး။
အချိန်ကြာကြာဝတ်ဆင်ပေမယ့်လည်း သက်သောင့်သက်သာ နှင့် နူးညံ့အေးမြမှုကို ရရှိနိုင်ပါတယ်။ ရေ ၅ခွက်စာအထိ လျှင်မြန်စွာစုပ်ယူမှု အားကောင်းစေလို့ တစ်နေကုန်ခြောက်သွေ့နေစေပြီး ယိုစိမ့်မှုကိုလည်း အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ချုပ်ရိုးလေးများပါဝင်တာကြောင့် အသုံးပြုပြီးတဲ့အခါ ဘေးဘက်က ချုပ်ရိုးလေးများကို စုတ်ဖြဲကာ အလွယ်တကူ ချွတ်နိုင်ပါတယ်။

- Lovely Baby Diaper Pant
- M Size (7-10 kg or 15-22 lb) အတွင်းအသုံးပြုနိုင်ခြင်း။
- တစ်ထုပ်လျှင် အရေအတွက် (၁၁) ခု ပါဝင်ခြင်း။
- (၈) နာရီကြာ ဝတ်ဆင်နိုင်ခြင်း။
- Indicator ပါဝင်ခြင်း။
- Gel Type အမျိုးအစားဖြစ်ခြင်း။
- ရေ ၅ ခွက်စာအထိစုပ်ယူနိုင်စွမ်းရှိခြင်း။
- Type of Diaper : Boy & Girl
- Made in China



Code: 6970701769824

tracker id: 0 (on) #5428