• Ynkfyer4v8g5j2oyeyly Ynkfyer4v8g5j2oyeyly

Little Bean Non Contact Infrared Talking Thermometer

57,000 Ks

မေမေတို့အတွက် အလွန်အသုံးဝင်ပြီး အဆင်ပြေစေမယ့် ပစ္စည်းအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။

မိမိကလေးငယ်လေးတွေကို အဖျားတိုင်းတဲ့အခါမှာ ကလေးက အငြိမ်မနေလို့ဖြစ်စေ၊ နေမကောင်းလို့ ငိုယိုရုန်းကန်နေတဲ့အခါမျိုးမှာဖြစ်စေ အနည်းနဲ့အများ အခက်တွေ့ဖူးကြမှာပါ။ ပြဒါးနဲ့ဆိုရင် ကျကွဲမှာလည်း စိုးရိမ်ရတဲ့အပြင် အချိန်ကြာတာနဲ့ အဆင်မပြေလည်း ဖြစ်မှာပါ။ ဒီအဖျားတိုင်းတံလေးက ကလေးကို ထိစရာတောင် မလိုပါဘူး။ ကလေး နဖူးနားကို ချိန်လိုက်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တစ်စက္ကန့်အတွင်း အပူချိန်တိုင်းပြီးသား ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရှိရင်လည်း ဒီအဖျားတိုင်းတံကိုပဲ အတူတူသုံးလို့ရပါတယ်။ တစ်ယောက်စီကအဖျား နောက်တစ်ယောက်စီ မကူးနိုင်ပါဘူး။

လူကြီးအတွက်သုံးလို့လည်း ရပါပြီး နို့ရည်အပူချိန်၊ ကလေးချိုးမယ့်ရေအပူချိန် စသည်တို့ကိုလည်း တိုင်းနိုင်ပါတယ်။ Talking & Non-talking ဆိုပြီး ပြောင်းလို့ရမှာဖြစ်ပြီး Talking ဆိုရင် အဖြေကို screenမှာ ပေါ်တဲ့အပြင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောသွားပေးမှာဖြစ်ပါတယ်။ အသံမထွက်ပဲ ထားချင်တယ်ဆိုရင်တော့ Non-talking လုပ်ထားလို့ရပါတယ်။ စင်တီဂရိတ် နှင့် ဖာရင်ဟိုက် ၂မျိုးလုံးဖြင့် တိုင်းလို့ရပါတယ်။ စက်မှာ Quality အလွန်ကောင်းသဖြင့် အဖြေတိကျမှန်ကန်ပါတယ်။

AAA batrery နှစ်လုံးထည့်သွင်း အသုံးပြုရပြီး ဘူးထဲတွင်လည်း တစ်ခါတည်း ပါဝင်မှာပါ။ ဘူးလေးနဲ့ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားနိုင်ပြီး 1 year warranty ပေးပါတယ်။ (ဝယ်ယူထားသော ဘောက်ချာနှင့် ပြည့်စုံစွာဖြည့်ထားသော warranty card ကိုသိမ်းထားပေးဖို့တော့ လိုပါတယ်)



Code:

tracker id: 0 #39