• Jekcrzwc0ttbjekifrpi Jekcrzwc0ttbjekifrpi

Little Bean Freely Easy Food Processor (NEW Model)

105,900 Ks



- ကလေးဖြည့်စွက်စာကျွေးတော့မယ်ဆို မရှိမဖြစ်လိုအပ်တဲ့ Little Bean တံဆိပ် ပေါင်းစက်နဲ့ကြိတ်စက်အတွဲလေးပါ။ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်ပါတယ်။ Steamer(ပေါင်းစက်)+Blender(ကြိတ်စက်) နှစ်မျိုးလုံးပါဝင်ပါတယ်။

- မိခင်များ ကလေးဖြည့်စွက်စာပြုလုပ်ရာတွင် လွယ်ကူလျင်မြန် အဆင်ပြေစေရန် အထူးထုတ်လုပ်ထားပါတယ်။

-ရေနွေးငွေ့ဖြင့် ပေါင်းပေးတာကြောင့် အစားအစာများမှ အာဟာရဓာတ်နှင့် ဗီတာမင်သတ္တုဓာတ်များကို ထိန်းသိမ်းပေးနိုင်ပါတယ်။ Steamer(ပေါင်းစက်) တွင် Auto off function အလိုအလျောက်ပိတ်ပေးသည့် စနစ် ပါဝင်ပါတယ်။

- အစာကြိတ်စက်မှာ ခလုတ်နှိပ်ပြီးကြိတ်ပေးရသောကြောင့် ကလေးအသက်အရွယ်အလိုက် မိမိလိုသလိုအနေအထားအား ချိန်ဆနိုင်ပါတယ်။

- stainless steel blade ဓါးသွားကြောင့် သံချေးတက်ခြင်းမရှိပဲ ကလေးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

- အစားအစာများကိုလည်း အပူပြန်ပေးနိုင်ပါတယ်။

- စိတ်ချစွာအသုံးပြုနိုင်ရန် အော်တိုlock ပါရှိပါတယ်။

- အစာခွက်အတွင်းကို မြင်သာစေရန်ပြုလုပ်ထားပါတယ်။

- အသုံးပြုရန် လွယ်ကူရိုးရှင်းပါတယ်။

- BPA ကင်းစင်ပါတယ်။

- လျှပ်စစ်စက်ပိုင်းဆိုင်ရာ ၁နှစ် အာမခံပေးပါတယ်။(ဝယ်ယူထားသော ဘောက်ချာနှင့် ပြည့်စုံစွာဖြည့်ထားသော warranty card ကိုသိမ်းထားပါရန်)

⭐ အသုံးပြုနည်း ⭐
အစားအစာများပေါင်းခြင်း
- အစားအစာပေါင်းရန် စက်အထိုင်ရှိ ရေထည့်ခွက်ထဲသို့ ရေ ၂၃၀မီလီလီတာခန့်ထည့်ပါ။ အဖုံးကို နာရီလက်တံလည်သလိုလှည့်ပြီး ကျအောင်ဖုံးအုပ်ပါ။
- သေးငယ်စွာတုံးထားသော အစားအစာများကို ဇကာပေါက်ပါသောခွက်ငယ်ထဲသို့ ထည့်ပါ။
- ထိုဇကာပေါက်ခွက်ငယ်ကို ကြိတ်ခွက်ထဲသို့ ထပ်ထည့်ပါ။
- ကြိတ်ခွက်အဖုံးအား နေရာအံကျအောင် ဖုံးအုပ်ပြီး နာရီလက်တံပြောင်းပြန်လည်သလိုလှည့်ပြီး အဖုံးကျအောင်လုပ်ပါ။
- ကြိတ်ခွက်အား စက်အထိုင်ပေါ်တွင် lock ကျသွားသည်အထိ အထိုင်ကျအောင်တင်ပါ။ လက်ကိုင်အား မိမိဘက်သို့ထားပါ။
- ပလပ်ခေါင်းတပ်ပြီး ပါဝါဖွင့်ပါ။ On ခလုတ်ကိုနှိပ်ပါ။ ပါဝါမီးအရောင်လင်းလာပါမည်။
- အစားအစာများကို ပေါင်းပြီးသွားပါက အလိုအလျောက်ပိတ်ပေးသွားပါမည်။
- အကယ်၍ ပေါင်းနေရင်းရပ်တန့်လိုပါက Off ခလုတ်ကိုနှိပ်၍ ရပ်နိုင်ပါသည်။
- မိမိပေါင်းလိုသော အစားအစာပေါ်မူတည်၍ ရေအနည်းအများကို လိုသလိုချိန်ဆနိုင်ပါတယ်။ ရေပမာဏပေါ်မူတည်၍ ပေါင်းချိန်ကွာသွားပါတယ်။

အစားအစာများကြိတ်ခြင်း
- ပေါင်းထားသော အစားအစာများအား ဇကာခွက်ငယ်ထဲမှ ဓါးသွားပါသောကြိတ်ခွက်ထဲသို့ လောင်းထည့်ပါ။
- အဖုံးပြန်အုပ်ပြီး စက်အထိုင်တွင် နေရာတကျပြန်ထားပါ။
- အစာကြိတ်ရန်ခလုတ်အားနှိပ်ပြီး မိမိလိုသလိုအနေအထားရောက်သည်အထိ ကြိတ်နိုင်ပါသည်။
- အပူလွန်ကဲမှုမဖြစ်ရန် တစ်ခါနှိပ်လျှင် စက္ကန့် ၃၀ထက်ပိုကြာ၍ မနှိပ်ပါနှင့်။ အစာကြိတ်ခလုတ်အား နှိပ်လိုက် လွှတ်လိုက်ပြုလုပ်ပေးပါ။
- အများဆုံးပမာဏ ၄၀၀မီလီလီတာ ဆံ့ပါသည်။

အစားအစာများကို အပူပေးခြင်း
- ပေါင်းထားကြိတ်ထားသော အစားအစာများကို အပူပြန်ပေးလိုပါက ကြိတ်ခွက်ထဲသို့ထည့်ပါ။
- အဖုံးပြန်အုပ်ပြီး စက်အထိုင်တွင် နေရာတကျပြန်ထားပါ။
- ရေထည့်ခွက်ထဲသို့ ရေ ၇၀မီလီလီတာခန့်ထည့်ပြီး ပေါင်းခလုတ် Onကိုနှိပ်ပါ။
- ပြီးသွားပါက အလိုအလျောက်ပိတ်ပေးသွားပါမည်။

သန့်ရှင်းရေးပြုလုပ်နည်း
- အစာကြိတ်ခွက်အား ရေဆေးနိုင်ပါသည်။ စက်အထိုင်အား ရေမဆေးရပါ။
- ရေထည့်ခွက်သည် အသုံးပြုပါများလာပါက ရေဂျိုးတက်သလို မဲလာနိုင်ပါသည်။ ထိုသို့မဖြစ်စေရန် တစ်လတစ်ခါအောက်ပါအတိုင်းပြုလုပ်ပေးပါ။
(က) ရှာလကာရည် ၁၀၀မီလီလီတာနှင့် ရေ ၂၀၀မီလီလီတာအား ရေထည့်ခွက်ထဲသို့ထည့်ပါ။ အြေကြေးဖတ်များ ကွာလာသည်အထိထားပါ။ ထို့နောက် ရေကျင်းသန့်စင်ပါ။
(ခ) Diluted citric acid အနည်းငယ်နှင့် ရေကို ရေထည့်ခွက်ထဲသို့ထည့်ပါ။ ပါဝါဖွင့်ပြီး ခလုတ်နှိပ်ကာ အပူပေးပါ။ ပြီးသွားပါက ရေကျင်းပြီး သန့်စင်ပါ။ citric acid ကိုအသုံးပြုပါက နောက်တစ်ကြိမ်တွင် ရေသီးသန့်ထည့်ပြီး ထပ်အပူပေးသန့်စင်ပါ။

🚫 သတိပြုရန်အချက်များ 🚫
- စက်အား အသုံးပြုနေစဉ်တိုင်းတွင် ဓါးသွားသည် ကြိတ်ခွက်တွင် အထိုင်ကျစွာ တပ်ဆင်ထားရမည်ဖြစ်သည်။ (အစာပေါင်းသည်ဖြစ်စေ၊ ကြိတ်သည်ဖြစ်စေ)
- ဓါးသွားအား ရေဆေးပြီးသည့်နောက်တွင် ခြောက်သွေ့စွာထားရပါမည်။
- အစာကြိတ်ခွက်အဖုံးအား အမြဲကျအောင် ဖုံးအုပ်ပါ။
- အစာကြိတ်ခွက်သည် စက်အထိုင်တွင် နေရာတကျအံကျရပါမည်။
- အစာပေါင်းနေချိန်တွင် ရေနွေးငွေ့အပူများ အပြင်သို့ထွက်ပါမည်။
- ရေထည့်ခွက်ထဲတွင် ရေကျန်ပါက သွန်ပေးပါ။
- အသုံးမပြုချိန်တွင် စက်အား ပလပ်ဖြုတ်ထားပါ။
- စက်အထိုင်အား ရေမဆေးရပါ။ ရေမဝင်စေရန် အထူးဂရုပြုပါ။
- စက်အား ရေရှည်အသုံးပြုရန် အစားအစာများအား ဆံ့ဝင်နိုင်သောပမာဏထက် ပို၍ထည့်ခြင်း ရှောင်ကျဉ်ပါ။
- warranty သည် factory fault စက်ပိုင်းဆိုင်ရာများအတွက်သာဖြစ်ပြီး user fault များမပါဝင်ပါ။ (ဥပမာ- ကျိုးပဲ့ခြင်း၊ ခလုတ်ပျက်ခြင်း၊ ဓါးသွားပျက်ခြင်း)
- warranty claim လုပ်လိုပါက warranty card နှင့် ဘောက်ချာအထောက်အထားပြနိုင်မှသာ ရမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်။

အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတဲ့ Malaysia Brand ပစ္စည်းပါ။



Code: 9555662302296

tracker id: 3 #3