ကလေးတွေကို ထမင်းကျွေးတဲ့အခါ ကလေးထမင်းစားထိုင်ခုံပေါ် ထိုင်ပြီးစားစေတဲ့အကျင့်လုပ်ပေးထားတာ ကောင်းပါတယ်။ ကလေးကိုယ်တိုင်လည်း စားတတ်အောင် လေ့ကျင့်လုပ်ပေးရပါမယ်။ Little Bean ကလေးထမင်းစားထိုင်ခုံကို အသက် (၆)လ မှ (၃)နှစ်အရွယ် ကလေးများအတွက် အသုံးပြုနိုင်ပြိး ကလေးအတွက် ခါးပတ်ပါရှိလို့ စိတ်ချစွာထိုင်ခိုင်းနိုင်ပါတယ်။ လူကြီးထိုင်ခုံပေါ်တွင်တင်၍လည်း တွဲပြီးအသုံးပြုနိုင်ပါတယ်။ ခါးပတ်ထပ်မံ ပါရှိပါတယ်။ ကလေးအရွယ်နဲ့လိုက်ပြီး ထိုင်ခုံအမြင့်ကို သုံးဆင့် အတိုးအလျှော့ပြုလုပ်နိုင်ပါတယ်။ ပန်းကန်တင် tray ကိုလည်း သုံးနေရာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်နိုင်ပြီး ဖြုတ်တပ်လို့ရပါတယ်။ ထိုင်ခုံကို ခေါက်လို့ရတာကြောင့် အလွယ်တကူသယ်ဆောင်သွားနိုင်ပြီး သိမ်းဆည်းရလွယ်ကူစေပါတယ်။ သန့်ရှင်းရေးလုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတဲ့ Malaysia brand ပစ္စည်းလေးပါ။
Code: 9555662300889
tracker id: 0 #42