Kendamil တံဆိပ် Toddler Milk Step 3 ဟာ အသက်၁နှစ်မှ ၃နှစ်ကြား ကလေးငယ်များအတွက် ထုတ်လုပ်ထားတဲ့ အာဟာရပြည့် နို့မှုန်ဖြစ်ပါတယ်။ မလိုင်ပြည့်နွားနို့မှထုတ်လုပ်ထားပြီး အခြား ဟင်းရွက်ဆီ၊ စားအုန်းဆီများ မပါလို့ အဲဒါတွေကြောင့်ဖြစ်တတ်တဲ့ နှင်းခူ၊ လေနာနဲ့ ဝမ်းချုပ်တာတွေကို ကာကွယ်ပေးပါတယ်။ မိခင်နို့မှာ အဓိကအရေးပါတဲ့ HMO, taurine နဲ့ ARA တို့ပါဝင်လို့ အာဟာရတန်ဖိုးသတ်မှတ်ချက် အမြင့်ဆုံးနို့မှုန့်လည်းဖြစ်ပါတယ်။
သဘာဝအပင်များမှ ရရှိတဲ့ Omega 3, Omega 6, DHA တို့ပါဝင်လို့ ကလေးတွေရဲ့ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါတယ်။ သွားနဲ့အရိုးတွေကို သန်မာစေတဲ့ Calcium နဲ့ ကိုယ်ခံအားကောင်းစေတဲ့ Vitamins A, C, D, Zinc နဲ့ Iron တို့ပါဝင်ပါတယ်။
အင်္ဂလန်နိုင်ငံ တော်ဝင်မိသားစုတစ်စုလုံး ယုံကြည်စွာအသုံးပြုနေကြပြီး ကောင်းမွန်ကြောင်း ထောက်ခံချက်များစွာ ရရှိထားတဲ့ နို့မှုန့်ဖြစ်ပါတယ်။
ဖျော်စပ်ပုံ
- ၆ ဇွန်းကို ရေကျက်အေး “180ml”
တစ်နေ့သောက်သင့်သော ပမာဏ
- တစ်နေ့ ၁ကြိမ်မှ ၂ကြိမ်ခန့် (သို့) ဆရာဝန်ဖြင့်တိုင်ပင်ပြီး တိုက်ကျွေးနိုင်ပါသည်။
သတိပြုရန်
နို့မှုန့်ဖျော်ပြီး ၂နာရီအတွင်းတိုက်ကျွေးပါ။
အညွှန်းအတိုင်း (သို့) ဆရာဝန်ညွှန်ကြားသည့်အတိုင်း မတိုက်ပါက အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
နို့မှုန့်ဘူးကိုဖွင့်ပြီး ၃ပတ်အတွင်း အသုံးပြုပါ။
ဗူးအဖုံးကိုလုံအောင်ပိတ်ပါ။ အေးပြီးခြောက်သွေ့သောနေရာတွင်ထားပါ။
- Milk Powder
- Step 3 for 12-36 Months အတွင်း တိုက်ကျွေးနိုင်ခြင်း
- 400gပါဝင်ခြင်း
- လေနာ၊ ဝမ်းချုပ်တာမဖြစ်စေခြင်း
- Non-GMO
- အသက်အရွယ်လိုက် နို့မှုန့်များကို ခွဲခြားထားခြင်း
- Made in England
Code: 5056000501950
tracker id: 0 #14795