• Isuodqcfz73c6ccsgvfw Isuodqcfz73c6ccsgvfw
  • Aitlsxdc2nzrzy6gkpzm Aitlsxdc2nzrzy6gkpzm

Hiruscar Kids Gel (10g) (15-6-2024)

12,900 Ks

Hiruscar Kids Gel ဟာကလေးတို့အတွက် အထူးထုတ်လုပ်ထားတဲ့အမာရွတ်ပျောက်ဆေးလေးဖြစ်ပါတယ်။ ကလေးတို့အရွယ်ပြေးလွှားဆော့ကစားတဲ့အခါ မတော်တဆ ထိခိုက်ဒါဏ်ရာဖြစ်ခြင်းကြောင့် အမာရွတ်များကျန်ခြင်း၊ ခြင်၊ ပိုးမွှား အကောင်အသေးအမွှားလေးများကိုက်တဲ့ အခါ ယားယံခြင်းကြောင့် ကုတ်မိရာမှ အမာရွတ်ကျန်စေခြင်းနှင့်အမဲစက်လေးများကျန်နေခြင်းတို့ကို ပျောက် ကင်းစေနိုင်သော အမာရွတ်ပျောက်ဆေးလေးဖြစ်ပါတယ်။
အဆင့်မြင့် ဆွစ်ဇာလန်နည်းပညာနဲ့ထုတ်လုပ်ထားပြီး ဆေးပညာဆိုင်ရာအသိအ မှတ်ပြုလက်မှတ်ရထားတဲ့ အမာရွတ်ပျောက်ဆေးလေးဖြစ်တဲ့အပြင် MPS၊ ဂျုံ ၊ Allantoin ၊ ကြက်သွန်နီနဲ့ ရှားစောင်းလက်ပတ်အစရှိတဲ့ အစွမ်းထက်မော်လီကြူး ၅မျိုး ပါဝင်ပါတယ်။ Hiruscar Kids Gelက ကလေး တို့ရဲ့အမာရွတ်လေးများပေါ် ပုံမှန်မပျက်မကွက်လိမ်းပေးခြင်းအားဖြင့် အမာရွတ်လေးများမှေးမှိန်ပျောက်ကွယ် သွားစေပြီး မူလအသားအရေအတိုင်းလျင်လျင်မြန်မြန် ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အသက် ၂နှစ်အထက်ကစတင်ပြီးအသုံးပြုနိုင်ပါတယ်။ တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်ထိလိမ်းပေးနိုင်ပါတယ်။ လသားကလေးငယ်လေးများကိုအသုံးပြုမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

-Hiruscar Kids Gel
-(10g) ပါဝင်ခြင်း
-၂ နှစ်အထက်မှစတင်အသုံးပြုနိုင်ခြင်း
-Gel အမျိုးအစားဖြစ်ခြင်း
-Made In Thailand



Code: 8852027351021

tracker id: 0 #9038