(Happy Pigs Breast Pump) Happy Pigs နို့ညှစ်စက်လေးဟာ အီလက်ထရောနစ် နည်းပညာကို အသုံးပြုပြီး မိခင်နို့ရည် ကို အလွယ်တကူ ထုတ်ယူနိုင်တဲ့ စက်လေးဖြစ်ပါတယ်။ မိခင်နို့ရည်သာအကောင်းဆုံးမို့လို့ ရုံးတက်ရတဲ့မေမေတွေလည်း ကလေးတို့အတွက် မိခင်နို့တိုက်ကျွေးနိုင်စေဖို့ဆိုရင် နို့ညှစ်စက်လေး အသုံးပြုပြီးနို့ညှစ်ထားခဲ့နိုင်လို့ အဆင်ပြေစေပါတယ်။
Breast Pump လေးက ပျော့ပျောင်း ညင်သာစွာ နဲ့ နို့ရည်ကို စုတ်ထုတ်ပေးခြင်းကြောင့် နာကျင်မှုကို သက်သာစေပြီး BPA Free နို့ဘူးလေးနဲ့ဆိုတော့ ပိုလို့ အဆင်ပြေစေပါတယ်။
မေမေတို့ နို့ညှစ်တဲ့အခါ ရင်သားတွေ မနာကျင်အောင် ဆီလီကွန်ကာဗာလေးပါရှိပြီး နို့ရည်ရဲ့ စုပ်အားကိုလည်း လိုသလို Adjust လုပ်နိုင်ပါတယ်။ နို့ညှစ်တဲ့အခါ နို့ညှစ်စက်လေးရဲ့ အသံက ဆူညံမှုမရှိတဲ့အတွက် ကလေးလန့်နိုးမှာ နားဆူမှာ စိတ်ပူစရာမလိုတော့ပါဘူး။ ဝါရှာခေါင်းလေး အပိုပါလို့ တစ်ခုမကောင်းတော့ရင် တစ်ခုလဲပေးနိုင်ပါတယ်။
Happy Pigs Breast Pump ဟာတရုတ်နိုင်ငံရဲ့ ပြည်တွင်း အသိအမှတ်ပြုလက်မှတ်တွေရထားလို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ ပစ္စည်းအားလုံး အရှင်ဖြစ်လို့ အလွယ်တကူ ဖြုတ်တပ်လုပ်လို့ရပါတယ်။
အသုံးပြုပုံ -
နို့ညှစ်စက်ကို Power Bank နဲ့ ဖြစ်စေ ပါတဲ့ Adaptor ခေါင်းနဲ့ ဖြစ်စေ ချိတ်ဆတ်ပြီး အသုံးပြုနိုင်ပါတယ်။ အဆင့် ၅ဆင့်အထိ အမြန်နှုန်းနဲ့ ညှစ်နိုင်သလို အနှေးအမြန် လိုသလို လည်းအသုံးပြုနိုင်ပါတယ်။
သတိပြုရန် -
အသုံးပြုပြီးသည်နှင့် နို့ဘူးဆေးရည်နှင့် သေချာစွာဆေးကြောသန့်စင်ပေးပါ။ လေစုပ်ပိုက် နှင့် စီလီကွန်ပစ္စည်းများကိုတော့ ပေါင်းစက်၊ ပွက်ပွက်ဆူနေသော ရေနွေးပူဖြင့်ပြုတ်၍ မဆေးကြောသင့်ပါ။ သန့်စင်ပြီးသော နို့ညှစ်စက်ကို ရေခြောက်သွေ့အောင်သုတ်ပြီး ခြင်ယင်မနားသောနေရာတွင် သိမ်းဆည်းပါ။
- Electronic နှင့်အသုံးပြုနိုင်ခြင်း
-Portable ဖြစ်ခြင်း
-ဗို့အား 220V ဖြစ်ခြင်း
-Power Bank ပါရှိခြင်း
- Adaptor ပါရှိခြင်း
- ဝါရှာခေါင်းလေး အပိုပါရှိခြင်း
-No Warranty
-Made in China
Code: 6933939881874
tracker id: 28 #14347