• Klnmj4d6o1gy2b4h43o4 Klnmj4d6o1gy2b4h43o4

Happy Munchy ရဲ့ Teriyaki sauce (250 g)

14,500 Ks

Teriyaki Sauce

Baby boss တို့ခံတွင်းတွေ့အုံးမယ့် Happy Munchy ရဲ့ဘက်စုံသုံး Teriyaki sauce လေးကိုမိတ်ဆက်ပေးချင်ပါတယ်ရှင့်။

Baby boss တို့တင်မဟုတ်ဘူးနော်..Boss တို့အိမ်က ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွားတို့ပါ အကြိုက်တွေ့စေမယ့် ဆော့စ်လေးပါ။

Teriyaki sauce လေးဆိုတာ မြန်မာအခေါ် ပဲကျပ်ပျဉ်လို့ခေါ်တဲ့ အလွယ်ထပ်ပြောပြရရင် ပဲနို့လုပ်တဲ့ပဲလေးတွေကနေ အခြေခံထုတ်လုပ်ထားတဲ့ ဆော့စ်လေးတစ်မျိုးပါရှင့်။

ပဲကျပ်ပျဉ်လေးတွေကရလာမယ့်အာနိသင်တွေအပြင် Happy Munchy ရဲ့ Teriyaki sauce လေးက..

- တာရှည်ခံဆေး လုံးဝသုံးမထားဘူး

- ကြံကနေရလာတဲ့ သဘာဝသကြားစစ်စစ်တွေကိုဘဲသုံးထားတယ်

- သန္ဓေပြောင်းနည်းပညာကို အသုံးပြုထားတဲ့ GMO plants တွေကိုသုံးမထားပဲ သဘာဝမျိုးအတိုင်းသာ ပေါက်လာတဲ့ Natural plants လေးတွေကနေရတဲ့ကုန်ကြမ်းတွေကိုသာ အသုံးပြုထားပါတယ်။
- Baby boss တို့ကျန်းမာရေးအတွက် Gluten free product လေးပါ။

- အချိုမှုန့် MSG လုံးဝသုံးမထားပါဘူးနော်။

- အရောင်ဆိုးဆေးတွေလုံးဝသုံးမထားပဲ သဘာဝကရတဲ့အရောင်လေးတွေကိုသာ ထည့်သွင်းအသုံးပြုထားတယ်

- အငံဓာတ်ပါဝင်မှုနည်းတယ်။ Baby boss တို့အပြင် သွေးတိုးရှိလို့ အစားရွေးနေရတဲ့ Boss တို့ဘိုးဘိုး၊ဘွားဘွားတွေပါ အဆင်ပြေတာမှနော်။

ဘက်စုံသုံးဆော့စ် Teriyaki sauce လေးကိုသုံးပြီး Baby boss တို့လျှာလည်သွားစေမယ့် ပြင်ဆင်နည်းလေးတွေက..

ဘိုစာလေးပဲပြင်ပေးပေး၊ မြန်မာစာလေးပဲချက်ကျွေးကျွေး Teriyaki sauce လေးကမရှိမဖြစ်ပါ။

မနက်ခင်းမှာ ရိုးရာထမင်းကြော်လေးလုပ်ကျွေးရင် ဒီ ဆော့စ်လေးထည့်ကြော်..ထမင်းမကြိုက်တဲ့ Boss တို့တောင်လျှာလည်သွားစေမယ်။

အသားကင် Grilled meat လေးတွေလုပ်ပေးရင် အပေါ်ကနေ ဆမ်းသာပေးလိုက်..ဆရာပေါက်စတို့အရသာတွေ့သွား‌စေရမယ်။

နေ့လည်နေ့ခင်း အဆာပြေ Pizza လေးလုပ်ကျွေးတဲ့အခါ Topping ကို Teriyaki လေးအုပ်ချ..

အသားဟင်းလျာစိုစိုဖက်ဖက်လေးတွေလုပ်အုံးမလား..Teriyaki sauce လေးကိုထည့်ချက်ပေးပါ။ ဟင်းအနှစ်မကြိုက်တဲ့ Boss တွေအရသာတွေ့သွားစေမှာပါနော်။

Baby boss တို့အကြိုက် ဖက်ထုပ်ပြုတ်လေးတွေလုပ်ကျွေးရင် ဒီ Teriyaki နဲ့တို့စားခိုင်း..Mommy chef တို့ဖက်ထုပ်လုပ်ရတာမနိုင်အောင်ဖြစ်သွားမယ်။

ပုဇွန်လိုမျိုး အသားပြုတ်လေးတွေနဲ့လည်း တို့စားနိုင်သေးတော့ တကယ့်ကိုမှ ဘက်စုံသုံးလေးပါပဲနော်။

လူကြီးတွေအသည်းစွဲစေမယ့် ချက်နည်းလေးပြောပြပေးအုံးမယ်။

အသားမှာ ဝက် ဆိုသလို မြန်မာပါးစပ်နဲ့အကိုက် ဝက်သားချိုချက်လေးကို ဒီ Teriyaki လေးသုံးပြီးချက်စားကြည့်..ထိမိနေတာပါပဲနော်။ ဝက်သားမစားသူတွေလည်း တခြားအသားတွေနဲ့ try ကြည့်ပါရှင့်။

1 နှစ်သား Baby ပေါက်စလေးတွေကနေ Baby boss တို့ဘိုးဘိုး၊ ဘွားဘွားတို့ထိ တမိသားလုံးစိတ်ကြိုက်ပြင်ဆင်သုံးဆောင်နိုင်ပါတယ်။

Baby boss တို့အတွက် နေ့စဉ်စားဖို့သောက်ဖို့ ပြင်ဆင်ပေးရတာ နေ့စဉ်တိုက်ပွဲလိုကိုဖြစ်နေရတဲ့ Mommy chef တွေခေါင်းမစားရတော့အောင် Teriyaki sauce ကိုသာသုံးပြီး မြန်မာစာ၊ ဘိုစာ အမျိုးစုံပြင်ဆင်ပေးလိုက်ပါ။



Code: NB20004

tracker id: 0 (on) #20004