Dumex Dugro with PreciNutri step 3 နို့မှုန့် ဟာဆိုရင် အသက်(၂) နှစ်ကနေ (၉)နှစ် အရွယ်ကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံကို အပြည့်ဝပေးတဲ့ အာဟာပြည့် နို့မှုန့်ဖြစ်ပါတယ်။
Dugro Step 3 မှာဆိုရင် ကလေးငယ်ရဲ့ ဉီးနှောက်နဲ့ အမြင်အာရုံ ဖွံဖြိုးတိုးတက်ဖို့အတွက် အရေးကြီးပြီး အခြေခံအုတ်မြစ် ဖြစ်တဲ့ DHA ပါဝင်ပါတယ်။ DHA ဓာတ် ဟာဆိုရင် ကလေး (၃) နှစ်အရွယ်အထိ အဓိက အရေးကြီးတဲ့ ဓာတ်ဖြစ်ပါတယ်။ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ LcFOS ပါဝင်တာကြောင့် ကလေးလေးတွေရဲ့ အစာခြေစနစ်ကို ကျန်းမာစေရန် ကူညီထိန်းပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအား ကောင်းမွန်စေရန် ထောက်ပံ့ပေးတဲ့ Vitamin A, C နှင့် Zinc တို့ပါတဲ့အပြင် ကြံ့ခိုင်သန်စွမ်းတဲ့ အရိုးနဲ့ သွားများကို ဖြစ်စေတဲ့ Calcium နှင့် Vitamin D3 တို့လည်း ပါဝင်တဲ့အတွက် ကလေးငယ်လေးတွေကို ဘက်စုံဖွံ့ဖြိုးကြီးထွားစေတဲ့ နို့မှုန့်ဖြစ်ပါတယ်။
ဖျော်စပ်ပုံ :
- နို့မှုန့် (၅) ဇွန်းကို အပူချိန် 40°C ရှိတဲ့ ရေနွေးခွက်ထဲ ထည့်ဖျော်ရန်။
- တစ်ကြိမ်စာအတွက်သာဖျော်ရန်။
- ၂ နာရီအတွင်း တိုက်၍ မကုန်ရင် စွန့်ပစ်ရန်။
- တစ်နေ့ (၂) ကြိမ်မှ (၃) ကြိမ်အထိ တိုက်ကျွေးနိုင်ပါတယ်။
** ဖျော်စပ်နည်းကို ဗူးပေါ်တွင်လည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
သတိပြုရန် :
- နို့မှုန့်ကို ဗူး၏အောက်ခြေတွင်ပါတဲ့ ကုန်ဆုံးရက် မတိုင်မီ အသုံးပြုရန်။
- ဗူးကို တင်းကြပ်စွာ ပိတ်ပြီး ခြောက်သွေ့ပြီးအေးမြတဲ့ နေရာတွင် သိမ်းဆည်းရန်။
- ဗူးဖွင့်ပြီး (၃) ပတ်အတွင်း အသုံးပြုရန်။
- Dumex Dugro with PreciNutri Step 3, သံဗူး
- 2 years to 9 years အထိ ကလေးများအတွက်သာ
- 800 g
- DHA, LcFOS, Vitamin A,C and Zinc, Calcium and Vitamin D3
- No added Sucrose
- Made in Malaysia
Code: 8990057985394
tracker id: 5 #1597