• Efythtnzcvf8nldqklyi Efythtnzcvf8nldqklyi

Dielac Ma Ma 400g

7,800 Ks

Dielac Ma Ma 400g
Made In Vietnam

Dielac Mama သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးရည်ရွယ် ထုတ်လုပ်ထားသော အဟာရဓာတ် ၃၇ မျိုးပါဝင်ပြီး ဗီတာမင်နှင့် သတ္တုဓာတ် ၂၈မျိုးပါဝင်သည့် အဟာရပြည့်ဝသောဖြည့်စွက်စာဖြစ်ပါသည်။
Dielac Mama တွင်ပါဝင်သည့် Iron (သံဓာတ်)သည် မိခင်အား ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း သွေးအားနည်းခြင်းမှ ကာကွယ်ပေးပြီး Iodine ပါဝင်မှုသည် ကိုယ်ဝန်ဆောင်စဉ် Iodine ဓာတ်ချို့တဲ့၍ လည်ပင်းကြီးရောဂါ ဖြစ်ပေါ်ခြင်းမရှိစေရန် ကာကွယ်ပေးပါသည်။ Oligofructose (ပျော်ဝင်အမျှင်ဓာတ်များ) ပါဝင်ခြင်းကြောင့် အစာချေဖျက်မှုစနစ်အား ကောင်းမွန်စေခြင်း၊ ကယ်လ်စီယမ် စုပ်ယူနိုင်မှုအား တိုးမြှင့်စေခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ်လေ့ရှိသည့် ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။
DHA ပါဝင်မှုသည် သန္ဓေသား၏ဦးနှောက်နှင့် အမြင်လွှာတိုးတက် ဖွံ့ဖြိုးမှုအတွက် များစွာအရေးပါပြီး ကယ်လ်စီယမ်ပါဝင်ခြင်းသည် သန္ဓေသား၏အရိုးများ ဖြစ်ပေါ်မှုနှင့် ကြီးထွားမှုတို့အတွက် အထောက်အပံ့ဖြစ်စေပါသည်။

သောက်သုံးရန်အညွှန်း - ရေနွေးနွေး ၂၀၀ မီလီလီတာတွင် Dielac Mama ၄ဇွန်း (၃၄ဂရမ်ခန့်) အားရောစပ်၍အမှုန့်များ အားလုံးပျော်ဝင် သွားသည်တိုင် မွှေပေးပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက် ပိုမို လိုအပ်သောအဟာရဓာတ်များအားပြည့်ဝစွာ ရရှိစေရန် တစ်နေ့လျှင် ၂ခွက်မှ ၃ခွက် သောက်သုံးပါ။

သိမ်းဆည်းရန်အညွှန်း - အေး၍ခြောက်သွေ့သော နေရာတွင်သိမ်းဆည်းပါ။ ရေခဲသေတ္တာတွင် မသိမ်းဆည်းပါနှင့်။ ဖွင့်ပြီး ၄ ပတ်အတွင်း သောက်သုံးသင့်ပါသည်။



Code: 8934673023160

tracker id: 0 #1266