• Fapjkaafwrq8ngrw7grf Fapjkaafwrq8ngrw7grf

DG 3 Goat Milk Step 3 (400 g)

37,800 Ks

DG 3 Goat Milk ဆိတ်နို့မှုန့်လေးဟာဆိုရင် ၂-နှစ်နှင့်အထက်ရှိတဲ့ ကလေးငယ်လေးများနဲ့ မိသားစုဝင်တွေအားလုံးအတွက် တိုက်ကျွေးလို့ရတဲ့ ဆိတ်နို့မှုန့်လေးဖြစ်ပါတယ်။ မိခင်နို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ဆိတ်နို့ကိုအခြေခံပြီးထုတ်လုပ်ထားတာကြောင့် အခြားနို့မှုန့်တွေထက် ပိုမိုနူးညံ့ပြီး အူလမ်းကြောင်းတစ်လျှောက် အစာခြေဖျက်မှု ပိုမိုလွယ်ကူစေပါတယ်။ ကလေးငယ်တွေရဲ့ဉာဏ်ရည်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတိုးတက်မှု ၊ အမြင်အာရုံနဲ့ကိုယ်ခံစွမ်းအားစနစ် ပိုမိုကောင်းမွန်စေဖို့အတွက် DHA, Omega 3,6,9 တို့ပါဝင်ပြီး ကယ်လစီယမ်နဲ့ပရိုတင်းဓာတ်တို့ ပိုမိုပါဝင်တဲ့အတွက် အရိုးနဲ့သွားများကိုကြံ့ခိုင်သန်မာစေတဲ့အပြင် အရပ်ရှည်ဖို့အတွက်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် Taurine,Choline ဗီတာမင်နဲ့သတ္တုဓာတ်များစွာပါဝင်တာမို့ ကလေးငယ်တွေထူးချွန်ထက်မြက်စေဖို့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံထုတ် အရည်အသွေးမြင့်DG 3ဆိတ်နို့မှုန့်လေးကို စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

ဖျော်စပ်ပုံ (နို့မှုန့်ဘူးတွင်ပါသော ဇွန်းဖြင့်သာချိန်တွယ်အသုံးပြုရပါမည်)
-တစ်ကြိမ်ဖျော်စပ်စာ ဇွန်းအရေအတွက်( ၆)ဇွန်း _ ရေကျက်အေး ၁၈၀ မီလီလီတာ
(ကလေးတစ်ယောက်နဲ့တစ်ယောက် စားသောက်မှုပမာဏ မတူနိုင်သည့်အတွက် အကြိမ်အရေအတွက် အနည်းအများကို ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်နိုင်ပါသည်)

သတိပြုရန်
-ရေနွေးဆူဆူဖြင့်မဖျော်ရပါ။
-ဖျော်ပြီးနို့မှုန့်အား ၂၄-နာရီအတွင်းသာ တိုက်ကျွေးပါ။
-နို့မှုန့်ဘူးအားဖွင့်ပြီး ၄-ပတ်အတွင်းအသုံးပြုပါ။
-Microwave ဖြင့်လုံးဝအပူမပေးရပါ။

- DG 3 Goat Milk Step 3
-400g ပါဝင်ခြင်း
-ARA,Taurine,Choline,Omega 3,6,9 နှင့် ဗီတာမင် သတ္တုဓာတ် တို့ပါဝင်ခြင်း
-၂-နှစ်နှင့်အထက်ကလေးများနဲ့ မိသားစုဝင်များကိုတိုက်ကျွေးနိုင်ခြင်း
-Made in New Zealand



Code: 9421025232282

tracker id: 0 (on) #6913