သစ်သားကုတင် (BW003)ဟာ အရှည် 104 စင်တီမီတာ,အကျယ် 60 စင်တီမီတာ, အမြင့် 86 စင်တီမီတာ ရှိပြီး အလေးချိန် 15 ကီလိုဂရမ် ရှိသော ကုတင်လေးဖြစ်ပါတယ်။ ကလေးလေးတို့အတွက် အဆင်ပြေသလို ပုံစံမျိုးစုံသုံးနိုင်ပြီး ခိုင်ခံတဲ့ သစ်သားကုတင်လေးဖြစ်ပါတယ်။ ရွေ့ပြောင်းလို့ရတဲ့ ဘီးတပ်ကုတင်ဖြစ်တဲ့အတွက် ကလေးလေးတို့ အိပ်နေရင်းအရွေ့အပြောင်းလုပ်နိုင်လို့ အိပ်ရေးမပျက်စေပါဘူး။ ဘီးလေးတွေကို 360 ဒီဂရီ လှည့်နိုင်လို့လိုသလို ရွေ့ပြောင်းနိုင်ပါတယ်။ အောက်ကြမ်းပြင်မပွန်းရှရအောင် ကာဗာလေးတွေလည်းပါပါတယ်။ ဘီးလေးတွေကို အသုံးမပြုရင်လည်း ခေါက်ထားလို့လည်း ရပါတယ်။
လှုပ်ပုခက်လေးအနေဖြင့်လည်း အသုံးပြုလို့ရတဲ့အတွက် ကလေးလေးကို ချော့သိပ်ရာမှာ အသုံးဝင်ပါတယ်။ ကလေးလေးကို ဖေဖေ မေမေအနားခေါ်သိပ်ချင်ရင်တော့ ကုတင်ရဲ့အကာတစ်ဖက်ကိုဖြုတ်လိုက်ပြီး လူကြီးကုတင်နဲ့လည်းတွဲပေးလို့ရတဲ့ ကုတင်လေးပါ။ အမိုးအုပ်ဇာခြင်ထောင်လည်း ပါတဲ့အတွက် ခြင်အန္တရာယ်မှကင်းဝေးစေပါတယ်။ ခေါင်းအုံး၊ မွေ့ယာ၊ အခင်းတို့ပါဝင်ခြင်းကြောင့်လည်း အဆင့်သင့်အသုံးပြုလို့ရပါတယ်။ မွေးကာစမှာ ပုခတ်လေးလုပ်လို့ရပြီး ကြီးလာရင် ကုတင်လေးအဖြစ်သုံးလို့ရလို့ တာရှည်အသုံးပြုနိုင်တဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
-သစ်သားကုတင်(BW003)
-Size - L (104cm) x W (60cm ) x H (86cm), Weight -15kg
-ခေါင်းအုံး၊မွှေယာ၊အခင်း၊ ဇာခြင်ထောင်တို့ပါဝင်ခြင်း
-သစ်သားနှင့်ပြုလုပ်ထားလို့ ခိုင်ခံ့မှုရှိခြင်း
-Made In China
Code: KLPLTJ168B
tracker id: 13 #8734