ကျားလေးရဲ့ (၃) နှစ်ပြည့် အထိမ်း အမှတ်

Mama & Baby Photo Contest

( 15 Sep 2019 - 15 Nov 2019 )

ပြိုင်ပွဲလည်းဝင် Voting လည်းပေးပြီး နှစ်ထပ်ကွမ်း ဆုလက်ဆောင်တွေ ဆွတ်ခူးနိုင် ပါမယ်!

ဆုများ


(၁) ပထမဆု - ၁၀ သိန်း

မဲအများဆုံး ရရှိသူ

(၂) ဒုတိယဆု - ၇ သိန်း

ဒုတိယ မဲ အများဆုံး ရရှိသူ

(၃) တတိယဆု - ၅ သိန်း

တတိယ မဲ အများဆုံး ရရှိသူ

(၄) အထူးဆု - ၅ သိန်း

ကျားလေးမှ ရွေးချယ်ပေးမည့် အကောင်းဆုံး ဓာတ်ပုံဆုရှင်

(၅) အခြားဆုမဲပေါင်း ၁၀၀ (အနည်းဆုံးတန်ဖိုး ၂၀၀၀၀ ကျပ်)

ပထမ ၊ ဒုတိယ ၊ တတိယ နှင့် အထူးဆုရှင်များမှအပ ကျန် ပြိုင်ပွဲဝင်များထဲမှ Lucky Draw ဖြင့် ဆုမဲ (၁၀၀) ကို မဲနှိုက်ပေးသွားမှာဖြစ်ပါတယ်။

မဲဖောက်ပေးမဲ့ ဆုမဲ ၁၀၀ ကို အောက်ပါ brand များမှကူညီ ပေးထားပါတယ်။

ပြိုင်ပွဲဝင်ရန်


ဓာတ်ပုံရိုက်မယ်

ပြိုင်ပွဲဝင်ရမည့်ပုံလေးကတော့ မေမေတို့ရဲ့လက်ရှိ (၅) နှစ်အောက်ဘေဘီလေးရဲ့ပုံ ၊ ဘေဘီလေးနဲ့ မိသားစုပုံ ၊ မေမေနဲ့ ဘေဘီလေးပုံ ၊ အထူးအနေနဲ့ ကိုယ်ဝန်ဆောင်မေမေတွေလည်း ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်နော်...

Kyarlay App မှာတင်မယ်

ကျားလေး App ထဲမှ Mama's Baby Photo Competition သို့ဝင်ပြီး ပြိုင်ပွဲဝင်မည့်ပုံလေးတင်ပေးရပါမယ်။ မိသားစု တစ်စု အတွက် ပုံတစ်ပုံဖြင့် တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ဆုရရှိတဲ့အခါ ဆုထုတ်ယူသောအချိန်တွင် မွေးစာရင်းဖြင့် စိစစ်သွားမှာဖြစ်ပါတယ်။

ကျားလေး App မရှိပါက ဒီနေရာမှာ ရယူပါ။

Vote တောင်းမယ်

ကျားလေး App သွင်းထားတဲ့ သူငယ်ချင်းများများ ရှိဖို့ပဲ လိုတာပါ။

ကျားလေး App သွင်းထားတဲ့ user တစ်ယောက်အတွက်တစ်နေ့မှာ နှစ်သက်ရာ ပုံ (၃) ပုံကို (Vote) ပေးခွင့်ရှိတာမို့ ကိုယ်တင်ထားတဲ့ ပုံလေး ကို သူငယ်ချင်းတွေကို တစ်နေ့တစ်ကြိမ် Vote လုပ်ခိုင်းရုံနဲ့ နေ့စဉ် မဲတွေစုလို့ရတယ်နော်...သူငယ်ချင်းများလေ မဲများလေပါပဲ။ :)

ပြိုင်ပွဲဝင်နံပါတ်လေးနဲ့ ပုံကိုရှာရမှာမို့ ကိုယ့်ရဲ့ပြိုင်ပွဲဝင်နံပါတ်လေးကိုတော့ သေချာမှတ်ထားဖို့လိုပါတယ်။

ပြိုင်ပွဲဝင်ဓာတ်ပုံများအား ကျားလေး App နှင့် သက်ဆိုင်သော နေရာများတွင် အသုံးပြုခွင့်ပေးရပါမည်။

ပြိုင်ပွဲနှင့် ပတ်သက်ပြီး အငြင်းပွားစရာ အကြောင်းအရာတစ်စုံတစ်ခုပေါ်ပေါက်ခဲ့ပါက ကျားလေး၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

မဲပေးသူများအတွက် ကံစမ်းမဲ


ပြိုင်ပွဲဝင်တွေတင် မဟုတ်ဘဲ Vote ပေးတဲ့ User တွေအတွက်လည်း စိတ်ဝင်စားစရာ ကံစမ်းမဲ အစီအစဉ်လေး ရှိသေးတယ်နော်။

အဲ့ဒါကတော့ Vote တစ်ခါပေးတိုင်း ကံစမ်းမဲမှာ တစ်ကြိမ် ပါဝင်ကံစမ်းခွင့်ရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲကာလ (၂လ) အတွင်း တစ်နေ့ (၃) ကြိမ် Vote ပေးခွင့်ရှိတာမို့ အများဆုံး အကြိမ်(180) ပါဝင်ကံစမ်းခွင့်ရှိပါတယ်။

Vote ပေးတဲ့ User တွေထဲကနေပြီး Random စနစ်နဲ့ ကံထူးသူကို ရွေးချယ်ပေးမှာမို့ Vote ပေးတဲ့ အကြိမ်အရေအတွက် များတဲ့သူကတော့ ဆုရရှိဖို့ ပိုအခွင့်အရေးရှိ မှာဖြစ်ပါတယ်နော်။

Voting ပေးတဲ့ သူတွေ ရရှိမယ့် ဆုလေးတွေကတော့....

(1) ၁ သိန်း ကျပ် ၁ ဆု

(2) ၇ သောင်းကျပ် ၁ ဆု

(3) ၅ သောင်းကျပ် ၁ ဆု

(4) ၁ သောင်းတန် ဖုန်းဘေလ် ၂၈ ဆု

ကျားလေး ၃ နှစ်ပြည့် ဓာတ်ပုံပြိုင်ပွဲနှင့် ပတ်သက်၍ *မျှတစွာယှဉ်ပြိုင်ခြင်း*


ယခုအခါတွင် ကျားလေး ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "Mom & Baby Photo Competition" အမည်ရ ဓာတ်ပုံပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိိပါသည်။

အဆိုပါပြိုင်ပွဲတွင် မေမေနဲ့ ဖေဖေတွေများစွာ စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်လျက်ရှိကြပြီး ပြိုင်ပွဲဝင်ဦးရေသည်လည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက် ရှိနေသည်ကို ဝမ်းသာဖွယ်ရာ တွေ့ရပါသည်။ ပြိုင်ပွဲမှာ မဲပေးသည့် စနစ်နှင့် ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး မဲအများဆုံးမှစတင်ကာ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်းတို့ကို အစဉ်အတိုင်း ရွေးချယ်သွားမှာဖြစ်သလို အထူးဆု ၅ သိန်းဆု တစ်ခုကိုလည်း ပါဝင်ယှဉ်ပြိုင်သူတွေထဲကမှ ကျပန်းရွေးချယ်ပြီး ပေးအပ်သွားဦးမှာ ဖြစ်ပါသည်။

ယခုအခါတွင် မဲစနစ်ဖြင့် ရွေးချယ်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည့် အားလျော်စွာ ပြိုင်ဆိုင်မှုတွေဟာလည်း အကြိတ်အနယ် ဖြစ်လျက်ရှိသလို အချို့သောပြိုင်ပွဲဝင်များ၏ မဲရလဒ်များမှာ သာမာန်ဖြစ်သင့်ဖြစ်ထိုက်သည်ထက်ပို၍ ရရှိနေသည်ကိုတွေ့ရပြီး ပြိုင်ပွဲဝင်အချင်းချင်း မျှတစွာယှဉ်ပြိုင်မှုမရှိဟု ယူဆရမလို ဖြစ်နေပါသည်။ ပြိုင်ပွဲ၏ မူလရည်ရွယ်ချက်မှာ ကျားလေး ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျားလေး၏ Customer များအတွက် ကျေးဇူးတုံ့ပြန်နိုင်ရန်၊ ကျားလေးမိုဘိုင်းအပလီကေးရှင်းကို အမှန်တကယ် အသုံးပြုသူဦးရေ ပိုမိုများပြားလာစေရန်၊ သားသား မီးမီီးတို့ရဲ့ ချစ်စရာပုံလေးများကို မျှဝေရင်း အပြန်အလှန်ရင်းနှီးကြရန် ဖြစ်ပါသည်။ ယခုအခါတွင် အချို့သော လူနည်းစုမှာ စီးပွားဖြစ် သဘောမျိုးဖြင့် အကောင့်တစ်ခု၊ ဖုန်းတစ်ခုထဲမှ ဖုန်းဆင်းကဒ်များစွာဖြင့် အကောင့်များစွာဖွင့်လှစ်ကာ မဲများပေးနေသည်ကို တွေ့ရှိရသဖြင့် အောက်ပါအတိုင်း *မျှတစွာယှဉ်ပြိုင်ခြင်း* ဆိုင်ရာ မူဝါဒတစ်ရပ်ကို ချမှတ်လိုက်ရပါသည်။

*ပြိုင်ပွဲစည်းကမ်းများ*

၁ - ကလေးပုံတစ်ပုံကို အကောင့်တစ်ခုဖြင့်သာ ယှဉ်ပြိုင်ရန်။ (ကလေးတစ်ဦးတည်းကို အကောင့်များစွာဖြင့် ယှဉ်ပြိုင်ထားသည်ကို တွေ့ရှိပါက ပိုနေသောပုံတွေကို ပြိုင်ပွဲမှဖယ်ပစ်သွားမည် ဖြစ်သည်)

၂ - စမတ်ဖုန်းတစ်လုံးမှ SIM Card များစွာဖြင့် အကောင့်ဖွင့်၍ မဲမပေးရန်။ (စမတ်ဖုန်းတစ်လုံးထဲမှ SIM Card များစွာဖြင့် အကောင့်ဖွင့်မဲပေးနေသည်ကို စစ်ဆေးတွေ့ရှိပါက မမှန်ကန်သောမဲအရေအတွက်များ ပြန်လျှော့ခြင်း၊ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း နှင့် အခြား သင့်လျှော်သော အရေးယူမှုများ ပြုလုပ်သွားပါမည်။)

၃ - ပါဝင်ယှဉ်ပြိုင်သော ကလေးသည် ၅ နှစ်အောက် ကလေးဖြစ်ရန်။ (ဆုထုတ်ယူသည့်အခါတွင် မွေးစာရင်း (သို့မဟုတ်) အခြားသော အသိအမှတ်ပြုထောက်ခံစာပြသရမည်)

၄ - အခြားသော မသမာသည့် မည်သည့်နည်းလမ်းနှင့်မျှ မဲရယူခြင်းကို မပြုလုပ်ရန်။

၅ - ဆုရွေးချယ်ကြေငြာရာတွင် ကျားလေးမှ အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာစွာ ရွေးချယ်ကြေငြာပေးသွားမည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များအတွက် ကျားလေး၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း လက်ခံရန်။

ကျားလေးမိုဘိုင်းအပလီကေးရှင်းကို အမှန်တကယ် အသုံးပြုနေပြီး မဲအရနည်းသော ပြိုင်ပွဲဝင်များအနေနဲ့လည်း အထူးဆု ၅ သိန်းကို ရင်ခုန်နိုင်မှာဖြစ်ပြီး အဆိုပါအထူးဆုကို ပါဝင်ယှဉ်ပြိုင်ကြသူ ပြိုင်ပွဲဝင်တွေ အားလုံးထဲကမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို ဖယ်ပြီး ကျန်သူတွေအားလုံးကို ပွင့်လင်းမြင်သာမှုရှိစွာ Facebook တွင် Live လွှင့်၍ မဲနှိုက်ရွေးချယ်သွားမှာဖြစ်လို့ လူတိုင်းရင်ခုန်နိုင်တဲ့ အခွင့်အရေးရှိပါသည်။ ဒါ့အပြင် မဲပေးသူတွေအတွက်ရော၊ အခြားသော ဆုမဲပေါင်း ၁၀၀ ပါ ကျန်ရှိသေးတာဖြစ်လို့ အားလုံးပျော်ရွှင်စွာ၊ မျှတစွာ ဆက်လက်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုက်ရပါသည်။

မေမေ၊ ဖေဖေများအားလုံး ကျန်းမာရွှင်လန်းကြပါစေရန် ကျားလေးမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။