မေမေတို့ရေ ကိုက်လိုက်တာနဲ့ အထဲကချိစ်လေးတေွရဲ့ အရသာလေးကိုခံစားရပြီး ခပ်ရှရှလေးအရသာထူးရရှိမယ့် အာလူးချိစ်ပြုလုပ်နည်းကို မှျဝေပေးမယ်နော်။ သားသားမီးမီးလေးတေွအားလုံးကလည်း သဘောကျပြီး ကြိုက်နှစ်သက်တဲ့အစားအစာလေးတေွှဖစ်လို့ မေမေတို့စိတ်ချမ်းသာရစေမှာပါ။
ပါ၀င်ပစ္စည်းများ ...
- အာလူး ... အကြီး ၅ လုံး
- ပေါင်မုန့်ခြောက်မှုန့် ... တစ်ထုပ်
- နနွင်း ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနညး်ငယ်
- မဆလာ ... အနည်းငယ်
- ချိစ်ခဲအတုံးသေး ... (အာလူးလုံးပြုလုပ်မည့်အရေအတွက်အတိုင်း)
- ဆီ ... ၅ ကျပ်သား
ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာအာလူးကို ရေစင်အောင်ဆေးပြီး ပြုတ်ပါ။
- အာလူးပြုတ်ကိုအခွံခွာပြီး ချေပေးပါ။
- နနွင်း၊ မဆလာ၊ ဆားထည့်ပြီး အာလူးနှင့်ရောနယ်ပါ။
- ပေါင်မုန့်ခြောက်မှုန့်အနည်းငယ်ထည့်ပြီး အားလုံးရောသမသွားပြီး စေးနေအောင်နယ်ပေးပါ။
- ပြီးပါက အရွယ်တော်အလုံးလေးလုံးပြီး အထဲတွင် ချိစ်ခဲကို ထာပနာထည့်ပါ။
- အာလူးလုံးလေးများကို ပေါင်မုန့်ခြောက်မှုန့်ဖြင့်ကပ်ထားပါ။
- ဆီဆူအောင်တည်ပြီး အာလူးလုံးများကို ထည့်ကြော်ပါ။
- အာလူးလုံးများရဲလာပြီဆိုပါက ဆယ်ယူပြီးဆီစစ်ကာ အအေးခံပြီးပြင်ဆင်ကျေွးနိုင်ပါပြီ။
HM (ကျားလေး)