မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ဘဝမှာ ခံစားရတဲ့ လက္ခဏာအခြေအနေတေွနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေတေွကို စိုးရိမ်ဖို့လိုအပ်တယ်ဆိုတာလေးတေွကို ကျားလေးက မှျဝေပေးချင်ပါတယ်။
- မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ တစ်ခါတစ််ရံမှာကျုံ့တတ်တဲ့ လက္ခဏာတေွှဖစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံဖြစ်ပွားတာဟာ ပြဿနာမရှိပေမယ့်လည်း တစ်နာရီအတွင်းမှာ ၆ ကြိမ်ထက်မနည်း ဖြစ်ပေါ်နေပြီဆိုရင်တော့ မေွးဖွားခါနီးနေပြီလို့ ဂရုစိုက်ပေးဖို့လိုပါတယ်။
- ကိုယ်ဝန်ဆောင်ကာလတချို့တလေမှာတော့ သေွးအနည်းငယ်ဆင်းတတ်တာမျိုးရှိတတ်ပါတယ်။ နေထိုင်မှုပုံစံမှားယွင်းခဲ့တာ၊ အစားအသောက်အနေထိုင်မှားယွင်းတဲ့အခါမျိုးတေွမှာ သေွးအနညး်ငယ်ဆင်းတတ်တယ်ဆိုပေမယ့် ပုံမှန်ရာသီလာသလို သေွးဆင်းတာများမယ်၊ သေွးသွန်တာမျိုးရှိမယ်ဆိုရင်တော့ ကိုယ်ဝန်အတွက် အန္တရာယ်ရှိတာကြောင့် နီးစပ်ရာဆရာဝန်ထံကို အမြန်ဆုံးသွားရောက်သင့်ပါတယ်။
- မေမေတို့ရေ မေွးဖွားချိန်မရောက်မီမှာ ရေမြွာပေါက်မသွားဖို့ကိုလည်း အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ မေွးဖွားခါနီးအချိန်မှာ မမေွးဖွားနိုင်ဘဲ အထဲက ရေမြွာပေါက်သွားတဲ့အခါမျိုးမှာ ရေတေွသွန်ကျလာတာမျိုးလည်းရှိတတ်လို့ ဂရုစိုက်ပေးဖို့လိုပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ နောက်ထပ်လိုအပ်တဲ့ ဂရုစိုက်ရမယ့်အချက်ကတော့ သေွးတွင်းသကြားဓာတ်မှျတနေဖို့ဖြစ်ပါတယ်။ သကြားဓာတ်ညီညွတ်မှျတနေဖို့လိုပြီး သကြားဓာတ်ဟာ များလည်းမများ၊ နည်းလည်းမနည်းဖို့အတွက် ဂရုစိုက်ပေးရပါမယ်။
- ကလေးလှုပ်ရှားမှုရပ်တန့်သွားရင်လည်း သတိထားရပါမယ်။ ကိုယ်ဝန် ၆ လလောက်မှာ ကလေးငယ်ဟာ စတင်လှုပ်ရှားလာပြီဖြစ်ပါတယ်။ အဲ့ဒီလိုလှုပ်ရှားနေရာက လှုပ်ရှားမှုလုံးဝမရှိတော့ဘဲ ရပ်တန့်သွားခဲ့တယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။
မေမေတို့ရေ ကိုယ်ဝန်ဆောင် ကာလမှာ အစစအရာရာအတွက် ဂရုစိုက်ပေးရမှာဖြစ်သလို ကိုယ်တိုင်အပြင် ၀မ်းဗိုက်ထဲက ရင်သေွးငယ်လေးလည်း ပုံမှန်ဖွံ့ဖြိုးကြီးထွားနိုင်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရေှာက်မှုတေွကို မပျက်မကွက်ဆောင်ရွက်ပေးဖို့ ကျားလေးကနေ မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)