မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ ခံတွင်းသန့်ရှင်းရေးအတွက်လည်း အထူးဂရုပြုဖို့လိုအပ်ပါတယ်နော်။ ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ သာမန်လူတေွထက်ပိုပြီး ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ကာလ သားဖွားမီးယပ်ဆရာဝန်တေွနဲ့ ပြသမှုအပြင် သွားဆရာဝန်တေွနဲ့ပါ ပြသပေးဖို့လည်း လိုအပ်ပါတယ်။
နေ့စဉ်နှစ်ကြိမ်သွားတိုက်ပေးဖို့လိုအပ်သလို အစားစားပြီးတိုင်း မမေ့မလေှျာ့ ပလုတ်ကျင်းပေးဖို့လည်း လိုအပ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးအတွက် အထူးဂရုစိုက်ပေးရမှာဖြစ်ပြီး ဒီလိုဂရုစိုက်ပေးမှုကနေ အခြားဘက်တီးရီးယားရောဂါပိုးမွှားတေွ ကူးစက်ရမှုကို တားဆီးပေးနိုင်ပါတယ်နော်။ မေမေတို့ရဲ့ ကျန်းမာရေး၊ သန္ဓေသားရဲ့ကျန်းမာရေးဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စားသောက်နေထိုင်မှု၊ ဂရုတစိုက်နဲ့ ထိန်းသိမ်းစောင့်ရေှာက်မှုတေွအပေါ်မှာ မူတည်နေတဲ့အတွက် ဂရုတစိုက်စောင့်ရေှာက်ပေးရပါမယ်နော်။ ကိုယ်ဝန်ဆောင်ကာလအချိန်ဟာ မိခင်ရဲ့လုပ်ဆောင်မှု၊ စားသောက်မှု၊ နေထိုင်မှု၊ ကျန်းမာရေးအတွက် ဂရုစိုက်မှုတေွဟာ ရင်သေွးလေးအပေါ်မှာ တိုက်ရိုက်သက်ရောက်မူတည်နေတဲ့အတွက် ကျန်းမာတဲ့ရင်သေွးလေး မေွးဖွားလာဖို့ဆိုရင် မေမေတို့အားလုံးက ဂရုစိုက်ပေးပါလို့ ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)