မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလ ၆ လပြည့်ပြီဆိုရင်တော့ ကလေးငယ်ရဲ့ လှုပ်ရှားမှုလေးတေွကို စတင်ခံစားနေကြရပါပြီ။ ရင်သေွးငယ်လေးက ၀မ်းဗိုက်ထဲကနေ သိသိသာသာလှုပ်ရှားရင်း မေမေတို့နဲ့ ဆက်သွယ်မှုပြုလုပ်လာပြီလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာဆိုရင်တော့ မေမေတို့တေွက သားသားမီးမီးလေးတေွနဲ့ စကားတေွပြောပြီး ကလေးတေွရဲ့ အချက်ပေးလှုပ်ရှားမှုလေးတေွကို သတိထားကြည့်ရှုပြီး ကြည်နူးရတဲ့ အချိန်ကာလလေးပါပဲ။
သန္ဓေသား ၆ လကာလအချိန်ကစတင်ပြီးကလေးငယ်ဟာ တစ်ရက်ကို 0.02 ပေါင် တိုးလာပြီး ကြီးထွားမှုရှိလာခဲ့ပါတယ်။ မိိခင်ရဲ့ စားသောက်နေထိုင်မှု အာဟာရပြည့်ဝမှုအပေါ်မူတည်ပြီး သန္ဓေသားရဲ့ ဖွံ့ဖြိုးကြီးထွားမှုဟာ ကွာခြားနိုင်ပါတယ်။ တကယ်လို့ မိခင်က အာဟာရပြည့်ဝအောင်နေထိုင်စားသောက်မှုမရှိဘူးဆိုရင်တော့ သန္ဓေသားက ကြီးထွားသင့်သလောက်ကြီးထွားမှုမရှိဘဲ၊ မေွးဖွားတဲ့အခါ ပေါင်မပြည့်တဲ့ ကလေးငယ်အဖြစ် မေွးဖွားလာနိုင်ပါတယ်။
မေမေတို့က ကိုယ်ဝန်ဆောင်ကာလတလေှျာက်လုံး ဂရုပြုသတိထားသင့်တယ်ဆိုပေမယ့် ကိုယ်ဝန် ၆ လပြည့်ပြီးတဲ့အချိန်မှာ ပိုမိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီအချိန်မှာ ဆရာဝန်နဲ့ပြသပြီး ဒုတိယအကြိမ် အာထရာစောင်းရိုက်ကူးဖို့လည်း သင့်တော်တဲ့ကာလဖြစ်တယ်လို့ဆိုပါတယ်။ သန္ဓေသားရဲ့ကြီးထွားဖွံ့ဖြိုးမှုကို သေချာသိရှိစေဖို့အတွက်နဲ့ သန္ဓေသားဖွံ့ဖြိုးမှုမှာ ပုံမှန်ဖြစ်စေဖို့ ဆရာဝန်ညွှန်ကြားချက်နဲ့ လိုအပ်တဲ့ ဆေးဝါးတေွကိုလည်း မှီဝဲပေးဖို့အတွက်လိုအပ်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)