မေမေတို့ရေ တစ်ခါတစ်ရံမှာ ကလေးငယ်တွေကို ဒိုက်ဗာဝတ်ဆင်ပေးထားချိန်ကြာသွားတဲ့အခါမျိုးနဲ့ အခန့်မသင့်တဲ့ ဆီးပူလောင်ဖုလေးတွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုအဖုလေးတေွထွက်လာတဲ့အခါမှာတော့ diaper rash cream လေးတွေကို လိမ်းပေးပြီး ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပြီး ဒီလိုအဖုအပိန့်လေးတွေ အမြန်ဆုံးပျောက်ကင်းဖို့နဲ့ အဖုလေးတွေမဖြစ်ပေါ်အောင် ဂရုစိုက်သင့်တာလေးတွေလည်း ရှိနေပါတယ်နော်။
ဆီးပူလောင်အဖုလေးတွေမဖြစ်ဖို့နဲ့ အမြန်ပျောက်ကင်းဖို့ဆိုရင် ကလေးတွေကို အဝတ်အစားဆင်ယင်ပေးတဲ့အခါ လေဝင်လေထွက်ကောင်းမွန်စေဖို့ ဂရုစိုက်ပေးရပါမယ်။ အဝတ်အစားကို ချောင်ချောင်ချိချိလေး ဝတ်ဆင်ပေးရပါမယ်။ နောက်ပြီး ဒိုက်ဗာဝတ်ဆင်ပေးတာ၊ အနှီးဝတ်ဆင်ပေးတာတွေမှာလည်း ကလေးငယ်ကို ကြပ်ထုပ်နေအောင်အဝတ်ဘဲ လေဝင်လေထွက်ကောင်းမွန်စေနေဖို့လိုအပ်ပါတယ်။ နောက်ထပ်သတိပြုရမှာတော့ ကလေးငယ်တွေရဲ့ သေးစိုအနှီးတွေ၊ ဒိုက်ဗာတွေကို ချက်ချင်းလဲလှယ်ပေးသင့်ပါတယ်။ အနှီးတစ်ထည်၊ ဒိုက်ဗာတစ်ထည်တည်းကို ၆ နာရီထက်ပိုကြာအောင် ဝတ်ဆင်ပေးမထားသင့်ပါဘူးနော်။ အဲ့ဒီအချက်လေးတွေကို လိုက်နာပြီးကလေးငယ်တွေကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကလေးတွေရဲ့ဆီးပူလောင်အဖုထွက်တာ၊ ဒိုက်ဗာလောင်ဖုထွက်တာမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်နော်။
မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး