ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ မိမိတို့ရဲ့ ဝမ်းဗိုက်ထဲက သန္ဓေသားလေး ကျန်းမာဖွံ့ဖြိုးဖို့အတွက်ပဲ အမြဲတမ်းခေါင်းထဲမှာ ထည့်ထားတတ်ကြပါတယ်။ ကျွမ်းကျင်ဆရာဝန်ရဲ လမ်းညွှန်ချက်တေွကို အကောင်းဆုံး လိုက်နာပြီး အစားအစာစားသုံးမှု ၊ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ တခြားဆောင်ရန်၊ ရေှာင်ရန်များကိုလည်း မှတ်သားထားကြပါတယ်။
မိခင်လောင်းတေွ ကိုယ်ဝန်လွယ်ထားရချိန်မှာ သန္ဓေသားအတွက် သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်လေးတေွကို နားဆင်စေခြင်းဟာလည်း ကလေးဖွံ့ဖြိုးမှုအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ကျယ်လောင်ဆူညံတဲ့ ဂီတသံစဉ်တေွကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားအတွက် အရမ်းကို အန္တရာယ်ကြီးမားလွန်းပါတယ်။
သာမန်လူတစ်ယောက်ဟာ အသံနှုန်း ၈၅ dBA နဲ့အထက်ကို နားထောင်တာနဲ့ ဆူညံမှုကို စတင်ခံစားရပါပြီ။ အရွယ်ရောက်ပြီးသား လူတစ်ဦးဟာ ၁၄၀ dBA အထိကြားနိုင်စွမ်းရှိပေမယ့် ၎င်းအသံနှုန်းဟာ နားဆင်သူရဲ့ အကြားအာရုံကိုတော့ ကောင်းကောင်းကြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ ဝမ်းဗိုက်ထဲက သန္ဓေသားကတော့ ကိုယ်ဝန်သက်တမ်း အပတ်၂၀မှာ အကြားအာရုံ စတင်ဖွံ့ံဖြိုးပြီး ၂၄ပတ်အရောက်မှာတော့ မိခင်ကြားသမှျကို နားဆင်နိုင်နေပါပြီ။
ရုတ်တရက်ကြားလိုက်ရတဲ့ ဆူညံသံဟာ သန္ဓေသားကို ထိတ်လန့်စေမှာဖြစ်ပြီး မေွးဖွားလာချိန်မှာ အကြားအာရုံချို့ယွင်းမှု ဖြစ်ပေါ်နိုင်ချေ များပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ထဲမှာတုန်းက ကျယ်လောင်ဆူညံတဲ့ ဂီတသံတေွကို နားဆင်လာရတဲ့ ကလေးငယ်ဟာ တခြားကလေးတေွထက် စိတ်ကျရောဂါ ဖြစ်နိုင်ချေပိုများပြီး အမြဲတန်း တစ်ခုခုကို စိုးရိမ်ပူပန်နေတတ်တာကို တေွ့ရမှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်မှာတော့ လမစေ့ပဲမီးဖွားခြင်းအထိ ဖြစ်ပွားနိုင်တာကြောင့် ကျယ်လောင်ဆူညံတဲ့ ဂီတသံတေွဟာ ဝမ်းဗိုက်ထဲက သန္ဓေသားတွက် အရမ်းကို အန္တရာယ်ကြီးမားလွန်းနေတာပဲ ဖြစ်ပါတယ်။
HYA (kyarlay)