ဖြည့်စွက်စာကျေွးခြင်းရဲ့ အစကာလတေွဟာ မိခင်တိုင်းလိုလို ရုန်းကန်ပြီးရင်ဆိုင်ရတဲ့ ကာလတေွပါပဲ။ ကလေးငယ်နဲ့ မိခင်တေွရဲ့ စစ်ပွဲအသေးစားလေးလို့ တင်စားလို့တောင် ရပါတယ်။ အဓိကက မိခင်နို့ရဲ့ အရသာနဲ့ အရမ်းကိုကွာခြားလွန်းနေတာကြောင့်ပါ။ မကျေွးလို့လည်း မဖြစ်တာကြောင့် နည်းမျိုးစုံသုံးပြီးကျေွးကြပါတယ်။
အစပိုင်းမှာတော့ စိတ်ရှည်တတ်ကြပေမယ့် နောက်ပိုင်းမှာတော့ အနိုင်ကျင့်ပြီးကျေွးတဲ့ဖက်ကို ရောက်သွားစမြဲပါ။ ဒီနေရာမှာ ကလေးတေွကို လေှျာ့တွက်လို့မရပါဘူး။ အစာကို ပါးစပ်ထဲအတင်းသွင်းရင် မျိုချလိုက်မှာပဲလို့ ပေါ့ပေါ့ဆဆတေွးမိရင် လုံးဝမှားသွားပါလိမ့်မယ်။ ကလေးကထေွးထုတ်လိုက် ၊ မိခင်က နောက်တစ်ဇွန်းထပ်ခွ့ံလိုက်နဲ့ သံသရာလည်နေပါလိမ့်မယ်။
ခဏခဏထေွးထုတ်ရတာ ပင်ပန်းလာတာကြောင့် ကလေးတေွဟာ ခွ့ံလိုက်တဲ့အစာတေွကို ငုံထားပါတော့တယ်။ မိခင်တေွအနေနဲ့ ဒီအခက်အခဲတေွကို ကျော်ဖြတ်နိုင်ဖို့ ကာတွန်းဇာတ်ကားလေးတေွ ဖွင့်ထားပေးခြင်းဖြင့်လည်းကောင်း ၊ ကလေးနှစ်သက်တဲ့ ကစားစရာများ ပေး၍လည်းကောင်း မြှူဆွယ်ပြီး ကျေွးနိုင်ပါတယ်။ အာရုံလွှဲပြီး ကျေွးခြင်းက အစပိုင်းမှာ အဆင်ပြေစေနိုင်ပါတယ်။
ဖြည့်စွက်စာရေွးချယ်တဲ့နေရာမှာလည်း နေ့တိုင်းတစ်မျိုးတည်းချည်းပဲ ကျေွးခြင်းမျိုး မပြုလုပ်သင့်ဘဲ အခြားသော ကလေးစားသုံးလို့ရတဲ့မုန့်အမျိုးမျိုးကို ပြောင်းလဲပြီး ကလေးငြီးငေွ့ခြင်းမရှိအောင် ကျေွးသင့်ပါတယ်။ မုန့်ဆိုတဲ့နေရာမှာလည်း အာဟာရဓာတ်ရရှိစေမယ့် ပေါင်မုန့် ၊ ကြက်ဥ နဲ့ မြန်မာမုန့်တေွဆိုရင် အကြောင်းမဟုတ်ပေမဲ့ ခေါ်ပေါ်သရေစာမုန့်များ ၊ ချိုချဉ် ၊ သကြားလုံးများ ၊ မလတ်ဆတ်တဲ့ အသားကင်တေွဆိုရင်တော့ ကလေးမှာ အန္တရာယ်ရှိနိုင်ပါတယ်။
သင့်ရင်သေွးဟာ ဖြည့်စွက်စာကို လက်ခံလာပြီဆိုရင်တော့ ဆန်ပြုတ်ပျစ်ပျစ် ၊ အသား ၊ ငါး ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက် တို့ကို တဖြည်းဖြည်း မြည်းစမ်းစေသင့်ပါတယ်။ အသက်၁နှစ်ပြည့်မှသာ လူကြီးစားတဲ့ ထမင်းကိုစတင်ပြီး ကျေွးရပါမယ်။ ဒါဆိုရင်တော့ သင်ဟာ မိခင်တိုင်းလိုလို ကြုံတေွ့နေရတဲ့ အခက်အခဲတေွကို လွယ်လင့်တကူ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)