မေမေတို့ရေ သားသားမီးမီးလေးတေွကို ပြုစုပျိုးထောင်ရာမှာ တစ်နှစ်အတွင်းဖွံ့ဖြိုးမှုတေွက အလျင်အမြန်ကြီးထွားလာပါတယ်။ သားသားမီးမီးလေးတေွအနေနဲ့ တစ်နှစ်ဆိုတဲ့အချိန်ကာလလေးအတွင်းမှာ ဘယ်လိုပုံစံမျိုးတေွနဲ့အဆင့်ဆင့်ဖွံ့ဖြိုးလာနိုင်ကြတယ်ဆိုတာလေးကို မေမေတို့အတွက် မှျဝေပေးလိုက်ပါတယ်။
- ဦးခေါင်းပိုင်းဖွံ့ဖြိုးမှုမှာတော့ ပထမတစ်လမှာ ဦးခေါင်းလေးကိုထိန်းပေးထားပြီးကလေးငယ်ကိုလေ့ကျင့်ပေးရင်းက ကိုယ်တိုင်ခေါင်းလေးတည့်မတ်လာနိုင်ပါမယ်။ ဒုတိယလမှာတော့ ဦးခေါင်းလေးငဲ့စောင်းကြည့်တတ်လာပါပြီ။ လေးလဆိုရင်တော့ ဦးခေါင်းကိုကိုယ်တိုင်မတ်မတ်နေနိုင်နေပြီဖြစ်ပြီး ခေါင်းအလှည့်အစောင်းတေွကို ပြုလုပ်နေနိုင်ပါပြီ။ ခြောက်လဆိုရင်တော့ ထိုင်နေရင်းက ရေွ့လျားသွားလာရင်း ဦးခေါင်းကစားမှု၊ လှုပ်ရှားမှုအပိုင်းတေွကို သေသေချာချာပြုလုပ်သွားနိုင်ပြီပဲဖြစ်ပါတယ်။
- အကြားအာရုံနဲ့ပတ်သက်လို့ ကလေးငယ်ရဲ့ အသက် ၂ လဆိုရင် ကောင်းကောင်းကြီးကို သိရှိပြီးလိုက်ပါခံစားနေနိုင်ပြီပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့မေမေကသားသားမီးမီးတို့နဲ့အတူတူ စကားတေွများများပြောဆိုပေးဖို့လိုနေပါပြီနော်။ အဲ့ဒီကမှ အသက် ၄ လလောက်ဆိုရင်တော့ အု၊ အ၊ အဲဆိုသလိုမျိုးငိုကြေွးတာမဟုတ်တဲ့စကားသံတေွကို လိုက်ပါပြောတတ်နေပါပြီ။ အသက် ၈ လအရွယ်လောက်ဆိုရင်တော့ ကလေးငယ်က မေမေ၊ ဖေဖေစတင်ခေါ်ဖို့ အစပျိုးလာပါပြီနော်။ တစ်နှစ်ဆိုရင်တော့ မေမေ၊ ဖေဖေဆိုတဲ့စကားလုံးတေွကို ကောင်းကောင်းကြီးကို လိုက်ပါပြောတတ်နေတော့မှာပါ။
- များသောအားဖြင့်တော့ အသက် ၃ လလောက်မှာ ၀မ်းလျားမေှာက်လာပါပြီ။ ၄ လဆိုရင်တော့ ၀မ်းလျားမေှာက်ရက်နဲ့ပဲ လူးလှိမ့်နေတတ်နေပါပြီ။ ၄ လကနေ ၆ လကြားမှာတော့ ထိုင်လာနိုင်ပြီး အဲ့ဒီနောက်မှာတော့ လေးဘက်ထောက်သွားတတ်တဲ့နေမှာပါ။ အသက် ၉ လကျော်လာရင်တော့ ကိုယ်တိုင်မတ်မတ်ထိုင်နိုင်ပြီး အဲ့ဒီကမှအမှီအတွယ်နဲ့အတူ မတ်တပ်ရပ်ဖို့ကြိုးစားလာပါတော့မယ်။ ၁၀ လ၊ ၁၁ လမှာ မတ်တပ်ကျင့်နေရင်းက ၁ နှစ်ပြည့်ပြီးနောက်ပိုင်းမှာတော့ လမ်းတတောက်တောက်လေှျာက်ပြီး နောက်ကနေလိုက်ထိန်းနေရတော့မှာပါနော်။
- ကလေးတေွရဲ့ အရယ်အပြုံးတေွကတော့ ၂ လောက်မှာစတင်ရယ်တတ်ပြုံးတတ်နေပြီး ၃ လဆိုရင်တော့ မိဘတေွ၊ သူ့ကိုထိန်းကျောင်းသူတေွကို သေသေချာချာကြီးကို ပြုံးပြတတ်နေတော့မှာပါ။ လေးလဆိုရင်တော့ ရယ်ပြုံးတာတေွအပြင် ကောင်းကောင်းကြီးကို ရယ်မောတတ်နေပါပြီ။
- ကလေးတေွကို အသက် ၆ လပြည့်ရင်တော့ ဖြည့်စွက်စာစတင်ကျေွးပြီဆိုပေမယ့် အဲ့ဒီအချိန်မှာတော့ အဖတ်လုံးဝမတဲ့ အနှစ်အပျော့တေွကိုပဲ ကျိတ်ကျေွးရမှာပါနော်။ အသက် ရ လ ၈ လလောက်မှာတော့ အောက်သွားလေးစတင်ထွက်ရှိလာပြီး နောက်ပိုင်း တစ်နှစ်လောက်မှသာ အစာအဖတ်လေးတေွကို အကျင့်လုပ်ကျေွးတာပိုကောင်းပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)