သဘာဝတရားကြီးက လူသားတေွအတွက် ကျန်းမာရေးဆိုင်ရာ အံ့သြော်ဖွယ်ရာ အကျိုးကျေးဇူးတေွ ပေးထားပါတယ်။ ချင်းကလည်း သဘာဝကပေးတဲ့ အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါပဲ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပဲ ဆေးဖက်ဝင်တယ်ဆိုလည်း အတိုင်းအဆမရှိ စားသုံးတာမျိုး မဖြစ်သင့်ပါဘူး။မိမိရဲ့ ကျန်းမာရေးအခြေအနေတေွအပေါ်မှာ မူတည်ပြီးတော့ အတိုင်းအဆနဲ့ စားသုံးသင့်ပါတယ်။ ချင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတေွ များတယ်ဆိုပေမယ့် လူတိုင်းအတွက် ကောင်းလှတယ်လို့တော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဝေဒနာရှင်တေွအနေနဲ့ ချင်းစားသုံးမှုကို လုံးဝရေှာင်ကြဉ်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအဆနဲ့ စားသုံးတာမျိုးပဲ ဖြစ်ဖြစ် ကောင်းကောင်း လုပ်ဆောင်သင့်ပါတယ်။
၁။ သေွးခဲဆေး သောက်သုံးနေရသူတေွ
-------------------------------------------
ချင်းက သေွးကို ကျဲစေနိုင်တဲ့ အစွမ်းရှိတာကြောင့် သေွးမတိတ်တဲ့ဝေဒနာရှိတာကြောင့် သေွးခဲဆေးသောက် သုံးမှီဝဲနေရသူတေွအနေနဲ့ ချင်းစားသုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆေွးနေွးသင့်ပါတယ်။ အချို့သောဖြစ်ရပ်တေွမှာ ချင်းက ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။
၂။ ဆီးချိုဆေး မှီဝဲနေရတဲ့သူတေွ
-----------------------------------
ချင်းက သေွးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တဲ့ အစွမ်းရှိပေမယ့် မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေးသောက်သုံးနေရသူတေွအနေနဲ့ ဆေးအာနိသင်ကိုလည်း လျော့ပါးစေနိုင်တာကြောင့် ချင်းကို မစားသုံးသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သင့်တော်တဲ့အတိုင်းအတာလောက်ပဲ စားသုံးသင့်ပါတယ်။ သေွးချို တအားကျဆင်းသွားနိုင်တာကြောင့်လည်း ချင်းစားသုံးမှုကို လုံးဝ ရေှာင်ကြဉ်သင့်တာဖြစ်ပါတယ်။
၃။ သေွးကျဆေး သောက်နေရတဲ့သူတေွ
--------------------------------------------
သေွးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေးတေွကို မှီဝဲနေရသူတေွအနေနဲ့လည်း ချင်းကို မစားသုံးသင့်ပါဘူး။ ချင်းက သေွးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် လည်း ဖြစ်ပါတယ်။ ချင်းနဲ့ သေွးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သေွးဖိအားကို အန္တရာယ်ရှိစေတဲ့ အခြေအနေလောက်အထိ ကျဆင်းစေတာမျိုးတေွ ဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲဝေဒနာတေွကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ သေွးကျဆေး သောက်နေရသူတေွအနေနဲ့ ချင်းမစားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ပြီးရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသုံးပေးပါ။
၄။ သည်းခြေကျောက်တည်နေတဲ့သူတေွ
--------------------------------------------
သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတေွအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမို ပြီးတော့ ဆိုးရွားသွားစေနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုးတေွလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ သည်းခြေကျောက်တေွက သည်းခြေပြွန်တစ်လေှျာက် စီးပါသွားရင်းနဲ့ သည်းခြေရည်တေွကို အသည်းဆီကို ရောက်ရှိသွားစေနိုင်ပါတယ်။ ချင်းက သည်းခြေရည် ထုတ်လွှတ်မှုကို တိုးစေနိုင်ပါတယ်။ သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကို ဖြစ်ပေါ်စေပြီးတော့ ဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါအပြင် သည်းခြေရည် များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ချေ ရှိသူတေွအနေနဲ့ ချင်းကို မစားသုံးသင့်ပါဘူး။ စားမယ်ဆိုပါကလည်း ဆရာဝန်နဲ့ အရင်တိုင်ပင်ဆေွးနေွးသင့်ပါတယ်။
၅။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ
-------------------------------------
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ချင်းကို မစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတေွအနေနဲ့ ချင်းကို စားသုံးသင့်သလားဆိုတာကို သေသေချာချာ သိရတာမျိုးမရှိပေမယ့် ဆိုးကျိုးတေွ ဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာ မသိရသေးပါဘူး။ လေ့လာမှုတော်တော်များများမှာတော့ ချင်း စားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တေွက ဆိုပါတယ်။ ချင်းက သေွးထွက်မှုကိုလည်း များစေနိုင်တာကြောင့် မီးဖွားမယ့်ရက် နီးတဲ့အခါ လုံးဝ မစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တေွအနေနဲ့ ချင်းစားသုံးမယ်ဆိုပါကလည်း ဆရာဝန်တေွနဲ့ အရင် သေသေချာချာ တိုင်ပင်ဆေွးနေွးသင့်ပါတယ်။
#Ref( Kumudra - ချင်းနဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)