Kyarlay.com

almost 2 years

ဆီးချို၊ သွေးချိုမေမေတွေ ကိုယ်ဝန်ဆောင်ချင်တယ်ဆိုရင်


Cyerpeun59ctgjwkhbjj

မေမေတို့ရေ ကိုယ့်မှာဆီးချို၊ သွေးချိုလည်းရှိနေတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ပြီး ရင်သွေးလေးလည်းမွေးဖွားချင်တယ်ဆိုရင်တော့ တချို့လိုက်နာရမယ့်အချက်ကလေးတွေကို သတိထားပြီး သေသေချာချာလေး ဂရုတစိုက်နဲ့ ကိုယ်ဝန်ဆောင်နိုင်ပါတယ်နော်။ တကယ်လို့ ကိုယ်ဝန်မဆောင်မီအချိန်မှာကတည်းက ဆီးချို၊ သွေးချိုရှိနေတယ်ဆိုတာကို သိပြီဆိုရင်တော့ ဆီချိုကို သေသေချာချာထိန်းပြီး ဆရာဝန်က ကလေးယူသင့်ပြီလို့လမ်းညွှန်မှသာ ကလေးယူသင့်ပါတယ်။ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ကလေးရယူတဲ့အခါ ကလေးနဲ့အဆင်မပြေတဲ့ဆေးတွေသောက်နေရမယ်ဆိုရင်လည်း ပြောင်းလဲပြီးသောက်သုံးလို့ရတာပေါ့။ နောက်ပြီးကလေးယူဖို့စဉ်းစားလိုက်ပြီဆိုတာနဲ့ ဖောလစ်အက်ဆစ်ကို နေ့တိုင်းတစ်နေ့တစ်လုံးသောက်ပေးဖို့တော့လိုပါတယ်။ ဒါမှလည်း ကလေးငယ်တွေမှာ ခြေလက်အင်္ဂါမစုံတဲ့ မွေးရာပါရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

 


Qtishbh1hf9xstw7x966

မေမေတို့ရေ ကိုယ်ဝန်ရစ ၀မ်းကြီးနာစွဲတဲ့အချိန် အစားကောင်းကောင်းမ၀င်တဲ့အချိန် သွေးထဲမှာအချိုဓာတ်တွေကျဆင်းတတ်ပါတယ်နော်။ နောက်ပြီး သိပ်ဝတဲ့သူ၊ မျိုးရိုးမှာ ဆီးချိုရှိတဲ့သူ၊ အရင်ကသိပ်ထွားတဲ့ကလေးကို မွေးဖွားခဲ့ဖူးသူ၊ မမွေးဖွားမီမှာ ကလေးသေဆုံးဖူးသူ၊ မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ကလေးကိုမွေးဖူးတဲ့သူတွေဆိုရင်တော့ ကိုယ့်မှာ သွေးချို၊ ဆီးချိုရှိမရှိ သေချာသိနိုင်စေဖို့အတွက် ကိုယ်ဝန်ဆောင်မှာဖြစ်တတ်တဲ့ ဆီးချိုရှိ၊ မရှိ အထူးစမ်းသပ်တဲ့ သွေးစစ်နည်း (Oral Glucose Tolerance Test) နဲ့စမ်းကြည့်ဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒါမှလည်း ဆီးချို၊ သွေးချိုရှိတယ်ဆိုတာ သိရပြီဆိုရင် အစားအသောက်တွေကို ဆင်ခြင်နိုင်မှာလည်းဖြစ်ပါတယ်။


Tc9s0zanap0vtrgedkqt

မေမေတို့ရေ ကိုယ့်မှာဆီးချို၊ သွေးချိုရှိနေပြီဆိုရင်တော့ ကလေးယူပြီးတဲ့အခါ အစားအသောက်တွေရော၊ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကိုရော သေချာထိန်းသိမ်းလိုက်နာပြီး ထိန်းထားဖို့လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်ပြီး သုံးလအတွင်းမှာ ဆီးချို၊ သွေးချိုမထိန်းနိုင်ခဲ့ဘူးဆိုရင် ကလေးတွေမှာ ခြေလက်အင်္ဂါမစုံတဲ့ ပြဿနာမျိုးနဲ့ မွေးရာပါရောဂါတွေ ပါလာတတ်လို့ပါ။ နောက်ပြီး သွေးချို၊ ဆီးချိုမထိန်းနိုင်ခဲ့ရင် မေမေ့အတွက်လည်း အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်လာနိုင်ပါတယ်။ ကလေးထွားရုံတင်မကဘဲ ရေမွှာရည်များတဲ့အတွက် မေမေ့အတွက်နေရခက်စေပါတယ်။ တကယ်လို့ ဆီးချို၊ သွေးချိုကို ကောင်းကောင်းထိန်းနိုင်သွားပြီဆိုရင်တော့ ရေမွှာရည်ပြန်လျော့သွားမှာပါ။ မေမေတို့ဂရုပြုရမှာကတော့ ဆီးချို၊ သွေးချိုကို သေချာမထိန်းခဲ့ဘူးဆိုရင် ကလေးလရင့်လာတဲ့အခါ မမွေးခင်မှာပဲ ရုတ်တရက်ဆုံးပါးသွားတာမျိုးဖြစ်တတ်တာမို့ မေမေတို့က သေချာလေးဂရုစိုက်ပေးပါနော်။

(မေ့ရင်သွေးမဂ္ဂဇင်းတွင်ဖော်ပြသည့် ဒေါက်တာမြသီတာရေးသားသော တတုံးတခဲချစ်စရာကြီး ဆောင်းပါးမှ ကောက်နုတ်ချက်)

ကျန်းမာသန်စွမ်းတဲ့ ရင်သွေးလေးတွေကို မေမေတိုင်း အဆင်ပြေပြေမွေးဖွားသန့်စင်နိုင်ပါစေနော်။


F7aoqnu0kf1fyj5sqswc

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှ ဆီးချို၊ သွေးချို ရှိတယ်ဆိုတာ သိလာရမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ လိုအပ်မယ်ဆိုရင် ဆေးထိုး၊ ဆေးသောက်ဖို့လိုအပ်မှာပါ။ အဲ့ဒါမှလည်း ဆီးချို၊ သွေးချိုကို ထိန်းထားနိုင်ပြီး ကျန်းမာတဲ့ဘေဘီလေးကို မွေးဖွားနိုင်မှာပါ။ ကိုယ်ဝန်ဆောင်နေချိန်တောက်လျှောက်န့ မီးဖွားချိန်၊ မီးတွင်းမှာပါ သွေးချိုကို သေချာလေးထိန်းထားဖို့လိုပါတယ်။ နောက်ပြီး သားဖွားမီးယပ်ဆရာဝန်နဲ့ရော သွေးချိုဆီးချိုဆရာဝန်နဲ့ပါပူးပေါင်းပြီး စောင့်ရှောက်မှုကို ခံယူကြရမှာပါ။ ကျန်းမာတဲ့ရင်သွေးလေးနဲ့ ကျန်းမာတဲ့မေမေဖြစ်ဖို့အတွက် သက်ဆိုင်ရာဆရာဝန်တွေရဲ့ လမ်းညွှန်မှုတွေကိုတော့ သေချာလေးလိုက်နာပေးဖို့လိုပါတယ်နော်။
Ref;မေ့ရင်သွေး