Kyarlay.com

almost 2 years

အစားဂျီး(ကြေး) များတဲ့ ကလေးမဖြစ်အောင် လေ့ကျင့်ကြမယ်


Eunlltbjejadohvom9bt

မေမေတို့ရေ ဘေဘီလေးတွေကို အစားအစာတွေကျွေးတဲ့အခါ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အစားဂျီး(ကြေး) များနေမယ်ဆိုရင် မေမေတို့လည်း စိတ်ညစ်ရမယ်နော်။ နောက်ပြီး အစားကိုစုံလင်အောင်မစားတတ်တဲ့အတွက် ဘေဘီလေးတွေမှာ သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေမပြည့်မစုံဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဘေဘီလေးတွေ အစားဂျီး(ကြေး) မများအောင် ဘယ်အချိန်ကတည်းက လေ့ကျင့်ရမယ်။ ဘယ်လိုမျိုးလေ့ကျင့်ပေးရမယ်ဆိုတာတွေကို ကျားလေးရဲ့ မေမေတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။



Hnfcndpnh9rf28ejejl5

မေမေတို့ရေ မိခင်နို့ကို အသက် ၆ လအထိ တိုက်ကျွေးပြီး ၆ လပြည့်ရင်တော့ တခြားဖြည့်စွက်စာတွေနဲ့ ဘေဘီလေးတွေကို လေ့ကျင့်ပြီး ကျွေးမွေးရတော့မှာမဟုတ်လား။ ၆ လအရွယ်ဘေဘီလေးတွေကို အရည်ကျဲကျဲကနေ ပြစ်ပြစ်လေး ပြောင်းလဲကျွေးမွေးကြတယ်ဟုတ်။ အဲ့ဒီအချိန်မှာ မိသားစုတွေ စားသောက်နေကြဖြစ်တဲ့ အရသာတွေကို တစ်မျိုးပြီးတစ်မျိုး ကလေးသိအောင်လုပ်ပေးဖို့လိုပါတယ်။ အဲ့ဒါမှလည်း ဘေဘီလေးတွေက အရသာအစုံ၊ အစားအစာအစုံကို စားတတ်မှာပါ။ အသက် ၆ လအရွယ်မှာ အစားအစုံစားတတ်အောင် သင်ထားပေးမယ်ဆိုရင် အစားဂျီး(ကြေး) များတဲ့ကလေးဖြစ်တော့မှာ မဟုတ်ပါဘူးနော်။ အဖတ်စကျွေးတဲ့အချိန်မှာ ကလေးကနို့သောက်တုန်းကလိုမျိုး လျှောလျှောရှူရှူမစားရတဲ့အတွက် ထွေးထုတ်တတ်ကြပါတယ်။ ငြင်းဆန်တတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ဘယ်လောက်ကြာကြာကျွေးမွေးဖို့လိုပါတယ်။ အစားမစားလို့ဆိုပြီး နို့တိုက်တာကိုတော့ရှောင်သင့်ပါတယ်။ အစားကိုအဲ့ဒီအချိန်မှာအကျင့်လုပ်ပြီး ၀င်အောင်ကျွေးတဲ့အခါမှသာ နောက်ပိုင်းမှာအဆင်ပြေနိုင်မှာပါနော်။


Prwzosi69gra53fe3mly

မေမေတို့ရေ ဘေဘီလေးအသက် ၉ လ၊ ၁၀ လဆိုရင်တော့ အစားစားဖို့အတွက် ပိုပြီးဂျီး(ကြေး) များသွားပါပြီ။ အဲ့ဒါကြောင့် အဲ့ဒီအရွယ်မတိုင်ခင်မှာ အစားအစာအစုံစားတတ်အောင် လေ့ကျင့်ပေးထားဖို့လိုပါတယ်နော်။ မေမေတို့သတိထားဖို့တစ်ခုကတော့ ကလေးငယ်ကို အစားအသစ်တစ်ခုခုကျွေးတော့မယ်ဆိုရင် နည်းနည်းချင်းကစကျွေးပေးပါနော်။ တစ်မျိုးကို သုံးရက် (ဒါမှမဟုတ်) ငါးရက်လောက်ကျွေးပြီးမှသာ နောက်တစ်မျိုးပြောင်းကျွေးဖို့လိုပါတယ်။ ဒါမှလည်းအဲ့ဒီအစားက ကလေးနဲ့ဓာတ်တည့်မတည့်ဆိုတာပါ တစ်ပါတည်းသိရှိနိုင်မှာပါ။ ကလေးငယ်မှာ အဖုအပိန့်ထွက်တာ၊ အန်တာ၊ ၀မ်းလျှောတာ စတဲ့အချက်တွေကို ဖေဖေ၊ မေမေတို့ကစောင့်ကြည့်ပြီး ဓာတ်တည့်၊ မတည့်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်နော်။

(မေ့ရင်သွေး မဂ္ဂဇင်းမှ ကောက်နုတ်ချက်)

ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးတွေကို ဖေဖေ၊ မေမေတိုင်း ပိုင်ဆိုင်နိုင်ပါစေနော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)