မေမေတို့ရေ ကိုယ်ဝန်ရှိစအချိန်မှာ Morning Sickness ခံစားရမှုတွေရှိတတ်ပါတယ်။ ဒီလိုခံစားရတဲ့ဝေဒနာတွေအတွက် အိမ်တွင်းကုထုံးလေးတွေနဲ့ ဘယ်လိုသက်သာအောင်ဆောင်ရွက်နိုင်မယ်ဆိုတာကို ကျားလေးက မျှဝေပေးချင်ပါတယ်နော်။
- Morning Sickness ခံစားရတဲ့မေမေတွေအနေနဲ့ မနက်ခင်းပိုင်း လမ်းထလျှောက်တာ၊ ပေါ့ပါးတဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ခြင်းကို ဆောင်ရွက်ပေးသင့်ပါတယ်။
- red raspberry အရွက်ဖျော်ရည်သောက်သုံးပေးသင့်ပါတယ်။
- မနက်တိုင်းရေတစ်ဖန်ခွက်သောက်ပေးပါ။
- သွားသွားလာလာအမူးမော်ပြေစေဖို့အတွက် သံပရာခွံ (ဒါမှမဟုတ်) သံပရာသီးလေး ဆောင်ထားပေးပါ။
- စမုန်စေ့ကလည်း အမူးအမော် အကိုက်အခဲတွေကို သက်သာစေပါတယ်။
- ဗီတာမင်ဘီစစ် ဆေးလုံးလေးတွေကိုလည်း ဆောင်ထားပြီး သောက်သုံးပေးသင့်ပါတယ်။
- အဆာပြေစားစရာလေးတွေကိုလည်း ဆောင်ထားသင့်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အစားစားချင်စိတ်နည်းနေတတ်တဲ့အတွက် စားချင်စိတ်လေးရှိတဲ့အချိန်လေးတွေမှာ အစားစားဖြစ်အောင် အဆာပြေစားစရာလေးတွေကို ဆောင်ထားပြီးစားချင်စိတ်ရှိတဲ့အချိန်တွေမှာ စားပေးသင့်ပါတယ်။
မေမေတို့ရဲ့ဝေဒနာတွေသက်သာပျောက်ကင်းပြီး ဘေဘီလေးတွေကို ကျန်းမာစွာမွေးဖွားနိုင်ကြပါစေနော်။