ကျားလေးရဲ့မေမေတို့ရေ ဥပါယ်တံမျဉ်ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ခရစ်(စ)တီးနားခီ က သူ့ရဲ့သားသားလေးနဲ့ပတ်သက်ပြီး ပြုစုပျိုးထောင်ခဲ့ပုံ၊ ကိုယ်ဝန်ဆောင်စဉ်ကစတင်ပြီး မေွးဖွားပြီးချိန်အထိ ဂရုတစိုက်နဲ့ နေထိုင်စားသောက်ခဲ့ပုံတေွကို မှျဝေပေးခဲ့ပါတယ်။
အစားအသောက်နဲ့ ပတ်သက်ပြီး >>>
အစားအသောက်နဲ့ပတ်သက်လို့ အမက ဆရာဝန်ဆရာကို သေချာနားထောင်ပါတယ်။ ကဖိန်းမသောက်နဲ့ဆိုရင်မသောက်ဘူး။ ချဉ်ချင်းတက်တိုင်းလည်း အစားအသောက်ကိုအရမ်းကြီးမစားဘူး။ ဂရုတစိုက်နဲ့ စားတယ်။ အဓိကက ကလေးကိုထိခိုက်မှာစိုးတာကြောင့် ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့ပဲ စားတယ်။ တစ်နေ့ကို ရေ ၆ ခွက်သောက်ရမယ်ဆိုရင် ပြည့်အောင်သောက်တယ်။ အမကသေွးအားနည်းရောဂါလည်း ရှိတော့စားတာသောက်တာ နေတာထိုင်တာကို ဂရုတစိုက်နဲ့ သေချာစားသောက်တယ်။ စားတဲ့အစားအသောက်မှာ အရွက်တို့ အသီးတို့ကို များများစားတယ်။
ကလေးမေွးပြီးလို့ နို့တိုက်ချိန်မှာလည်း အသီးအနှံတေွများများစားတယ်။ ရာသီပေါ်သီးနှံတေွစားတယ်။ နောက်ပြီး ကလေးနို့တိုက်နေတဲ့အတွက် ကော်ဖီကြိုက်တာတောင် မသောက်မိအောင်ထိန်းတယ်။ နွားနို့ကို မနက်တစ်ခွက်၊ ညတစ်ခွက်သောက်တယ်။ ၁၂ မျိုးလောက်ရှိတဲ့ သီးစုံရွက်ကြော်ကိုနေ့တိုင်းကြော်စားတယ်။ အဓိကဆရာဝန်ရဲ့စကားနားထောင်ပြီး ကလေးနဲ့ တည့်မယ့်အစားအသောက်တေွကိုပဲ ရေွးချယ်ဖြစ်ပါတယ်။
ကျားလေးရဲ့မေမေတို့ရေ ကိုယ်တိုင်မှာ သေွးအားနည်းရောဂါရှိနေပေမယ့် သားသားလေးအတွက် သေချာဂရုတစိုက်နေထိုင်စားသောက်ခဲ့ပုံတေွ၊ ကိုယ်ကြိုက်တဲ့အစားအစာတေွကိုတောင် သားသားလေးအတွက် ရေှာင်ရှားခဲ့ပုံတေွနဲ့ ဗိုက်ထဲကသားသားလေး လည်ပင်းမှာအချင်းပတ်နေတာမို့ ဂရုတစိုက်ရှိခဲ့ရပုံတေွကို ဥပါယ်တံမျဉ်ရဲ့ ပဲ့ကိုင်ရှင် မေမေခရစ်(စ)တီးနားခီက ပြန်လည်ပြောပြမှျဝေပေးထားတာပါ။
မေမေတို့ရဲ့လှပတဲ့စိတ်ထားလေးနဲ့ သားသမီးတေွအတွက် ဘယ်လောက်အထိအနစ်နာခံစောင့်ရေှာက်ပေးတယ်ဆိုတာကို မေမေတိုင်းကြည်နူူးခံစားနိုင်ကြပါစေနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
နို့ဖြတ်ချိန်မှာ >>>
နို့ဖြတ်ပြီးချိန်မှာ သားသားကို နို့မှုန့်တိုက်မယ်ဆိုတော့ သားသားက နို့မှုန့်နဲ့မတည့်ပြန်ဘူးလေ။ အဲ့ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီး ပဲနို့မှုန့်တိုက်တယ်။ နောက်ပြီး သားသားအတွက် တစ်ပတ်စာ အစားအသောက်ကို ကိုယ်တိုင် plan ဆွဲပြီး ကျေွးတယ်။ တစ်ပတ်ကို ငါးတစ်ရက်၊ ကြက်တစ်ရက်၊ ပုဇွန်တစ်ရက်ပေါ့။ Plan ဆွဲတယ်။ နောက်ပြီး နေ့တိုင်းမှာ ဟင်းသီးဟင်းရွက်ငါးမျိုးပါအောင်ကျေွးတယ်။ သားသားအတွက် အကိုရော၊ အမရောနှစ်ယောက်စလုံးက သေချာဂရုတစိုက်ဆောင်ရွက်ပါတယ်။
ဗိုက်ခွဲမေွးခဲ့ရတယ် >>>
တကယ်တော့ အမက ရိုးရိုးမေွးချင်တယ်။ ကလေးကို ဓာတုဗေဒဆေးဝါးတေွနဲ့ပတ်သက်ပြီး ကလေးတစ်ခုခုထိခိုက်မှာစိုးလို့ပေါ့။ ဒါပေမယ့်ဖြစ်ချင်တော့ သားသားက အချင်းလည်ပင်းမှာ နှစ်ပတ်လောက် ပတ်နေတယ်လို့ ဆရာဝန်ကပြောတယ်။ ရိုးရိုးမေွးလို့ အဆင်မပြေဘူးပေါ့။ ရိုးရိုးမေွးလို့ညှစ်လိုက်တာနဲ့ အချင်းက လည်ပင်းနဲ့ညှစ်ပြီး ကလေးအတွက်အန္တရာယ်ရှိတယ်ပေါ့။ အဲ့ဒါကြောင့်လည်း အမခွဲမေွးခဲ့တယ်။ ခွဲမေွးတဲ့အတွက် ဒဏ်ရာက နာတာရှိတယ်။ ဆရာဝန်ကအကြံပေးတာက သားသားကိုအရင်ဆုံး နို့မှုန့်တိုက်ထားပေါ့။ ဒါပေမယ့်အမနာတာပျောက်စေတဲ့ဆေးတေွလုံးဝမသောက်ဘူး။ သားသားကို မိခင်နို့ပဲတိုက်ခဲ့ပါတယ်။ ၅ လကျော် ၆ လလောက်အထိ မိခင်နို့ကိုပဲတိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ အလုပ်တေွနဲ့ရော သားသားအတွက်ပါ နို့ဖြတ်ခဲ့လိုက်တာပါ။