ဖေဖေ မေမေတို့ရေ ကိုယ့်ရဲ့သားသားမီးမီးလေးတေွအတွက် ကောင်းမွန်တဲ့ relationship တစ်ခုကို တည်ဆောက်လိုကြတာ ဖေဖေ မေမေတေွအားလုံးရဲ့ ဆန္ဒပဲမဟုတ်လား။ အဲ့ဒီလိုပဲ အခုလတ်တလောမှာ ရေပန်းစားနေတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လိုက်မင်းသားချော ဇဏ်ခီကလည်း သူ့ရဲ့သားသားလေးနဲ့ ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးကို တည်ဆောက်လိုပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
"အမြဲတမ်းပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံဖို့ဆုံးဖြတ်ထားတယ်။ ကျွန်တော်ဟာ သူ့အတွက် ကြောက်စရာလူူ လုံးဝမဖြစ်စေရဘူး။ ဘယ်လောက်ပဲမှားတဲ့လုပ်ရပ်လုပ်လုပ် သူဟာ ကျွန်တော့်ဆီ ပြန်ဝင်လာစေရမယ်။ သူပြောသမှျနားထောင်ပြီး ဖြေရှင်းပေးမယ်။ အဲ့ဒီယုံကြည်မှုတစ်ခုရအောင်ပြောပြပေးမယ်"
လို့ ဇဏ်ခီက သူ့ရဲ့သားလေးနဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။
မိဘတေွက သားသမီးတေွကို ကျပ်နေမယ်။ သားသမီးကလည်း တဇွတ်ထိုးသမားဆိုရင် အဲ့ဒီသားသမီးက မိဘကို ဘာမှပေးသိမှာမဟုတ်တော့ဘူး။ အဲ့ဒါဆိုရင် မိဘနဲ့ သားသမီးရဲ့ ဆက်ဆံရေးက ပိုပြီးဝေးသွားမှာပါ။ ကျွန်တော်ကတော့ အဲ့ဒီလိုလုံးဝအဖြစ်ခံမှာမဟုတ်ပါဘူးလို့လည်း ဇဏ်ခီက သူ့ရဲ့သားလေးကိုထိန်းကျောင်းမယ့်ပုံစံအပေါ် ပြန်လည်မှျဝေပေးခဲ့ပါတယ်။
ဘဝမှာပျော်ရွှင်မှုဆိုတာ အရေးကြီးတယ်။ အဲ့ဒါကြောင့် သားလေးကို ဟိုဟာလုပ်ရမယ်။ ဒီဟာလုပ်ရမယ်။ သူများတေွကဘယ်လိုဆိုပြီး နှုိင်းယှဉ်နေမှာမဟုတ်ဘဲ သူ့ကိုစောင့်ကြည့်ပြီးသူပျော်ရွှင်စေမယ့် လမ်းကြောင်းအပေါ်ရေွးချယ်စေမယ်လို့ ဇဏ်ခီက ပြောပြပါတယ်။
"သူပျော်မယ့်ဟာကို အဓိကလုပ်ရမှာပါ။ ကျွန်တော်က အနုပညာသမားဖြစ်လို့ သူ့ကိုအနုပညာအလုပ်ပဲလုပ်ရမယ်မဟုတ်ပါဘူး။ သူဘာလုပ်ချင်လဲ။ ဥပမာအနေနဲ့ စိုက်ပျိုးရေးလုပ်ချင်လား။ လုပ်ပါရတယ်။ သူပျော်မယ့်ဟာ အဓိကလုပ်ရမယ်။ ကျွန်တော်ကတော့ သူလုပ်တဲ့အလုပ်မှာ ထူးချွန်အောင် ပံ့ပိုးပေးရမယ်"
လို့လည်း ဇဏ်ခီက သူ့ရဲ့သားလေးကို ပျိုးထောင်မယ့်အပေါ် ပြောပြပေးခဲ့ပါတယ်။
ကျားလေးရဲ့ ဖေဖေ မေမေတို့ရေ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့အတူ ကိုယ့်ရဲ့ရင်သေွးလေးတေွနဲ့ပတ်သက်ပြီး အကောင်းမွန်ဆုံးဆက်ဆံရေးတေွနဲ့ ပျော်စရာတေွကို တည်ဆောက်နိုင်ဖို့အတွက် ဖေဖေဇဏ်ခီရဲ့သားသားလေးအပေါ် ပျိုးထောင်မယ့် စိတ်ထားလေးကို မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)