မေမေတို့ရေ ဒီနေ့မှာလည်း အသက် ၆ လနဲ့အထက် သားသားမီးမီးတေွအတွက် ပြင်ဆင်ကျေွးမေွးနိုင်မယ့် ဖြည့်စွက်စာလေးကို မှျဝေပေးချင်ပါတယ်။
ပါ၀င်ပစ္စည်းများ ..
- ဆော်လမွန်ငါး .. ၁၀ ကျပ်သား (ရေဆေးပြီးအရေခွံဖယ်ထားပါ)
- ထောပတ်သီး .. တစ်လုံး (ရေဆေးထားပါ)
- ပဲစိမ်း .. ပန်းကန်လုံးတစ်ဝက် (ရေစင်အောင်ဆေးထားပါ)
- ဟင်းနုနွယ်ရွက် .. ပန်းကန်လုံးတစ်လုံး (ရေစင်အောင်ဆေးထားပါ)
ပြင်ဆင်နည်း ..
- ဦးစွာ ပေါင်းအိုးထဲသို့ရေထဲပြီး အပေါ်မှဇကာခံပါ။
- ဇကာထဲသို့ ပဲစိမ်းလုံးများဖြန့်ထည့်ပါ။
- ဟင်းနုနွယ်ရွက်များဖြန့်ထည့်ပါ။
- အပေါ်မှ ဆော်လမွန်ငါးတုံးလေးများ ဖြန့်ထည့်ပြီး အဖုံးအုပ်ပြီး ပေါင်းပေးပါ။
- ငါး၊ ပဲများနူးညံ့လောက်အောင် နာရီဝက်ခန့်ပေါင်းပေးပါ။
- ပြီးပါက ထောပတ်သီးကို အတုံးလေးများတုံးပြီး blander ထဲသို့ထည့်ပါ။
- ပေါင်းထားသည့် ငါး၊ ပဲ၊ ဟင်းရွက်များထည့်ပြီး ရေအနည်းငယ်ထည့်ကာ ကျေညက်အောင်မေွှပေးပြီးပါက သားသားမီးမီးတို့အတွက် ပြင်ဆင်ကျေွးနိုင်ပါပြီ။
Ref ; မေ့ရင်သေွး