အမျိုးသမီးတစ်ယောက် ကျန်းမာရေးကောင်းမွန်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတေွကို ရေွးချယ်စားသောက်ဖို့လိုပါတယ်။ အိမ်ထောင်ပြုပြီးသား အမျိုးသမီးတေွ အနေနဲ့လည်း ကိုယ်ဝန်ဆောင်ချိန်မှာရော ၊ မီးဖွားပြီးချိန်မှာသာ အစားအသောက် မှန်မှန်ကန်ကန် ရေွးချယ်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ မီးဖွားပြီးခါစ မိခင်တေွ ဘယ်လိုအစားအစာမျိုးကို စားပေးသင့်သလဲဆိုတာ ဖော်ပြပေးသွားပါမယ်။
လတ်တလော မီးဖွားထားတဲ့ မိခင်တေွအနေနဲ့ ပရိုတင်းဓာတ် မဖြစ်မနေ စားသုံးပေးရပါမယ်။ အနည်းဆုံး တစ်နေ့ကို ပရိုတင်း ရ၁ဂရမ် စားသုံးပေးသင့်ပါတယ်။ ကယ်လ်စီယမ်လိုအပ်ချက်အတွက်လည်း နို့နဲ့နို့ထွက်ပစ္စည်းတေွ များများစားပေးဖို့လိုပါတယ်။ တကယ်လို့သင်ဟာ သတ်သတ်လွတ်စားသုံးနေသူဆိုရင်တော့ ပဲအမျိုးမျိုး စားပေးရမှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် ကာဗွန်ဟိုက်ဒရိတ်ဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ နို့တိုက်မိခင်တေွအတွက်လည်း အရည်အသေွးပြည့်မှီတဲ့ မိခင်နို့ရည်ကို ထုတ်လုတ်နိုင်စေမှာ ဖြစ်ပါတယ်။ ဒီ့အတွက် ဆန်လုံးညိုနဲ့ မုယောစပါးတို့ပါဝင်တဲ့ အစားအစာများ စားသုံးပေးဖို့ တိုက်တွန်းလိုပြီး သူတို့က သင့်ရဲ့သေွးအတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးနိုင်ပါတယ်
ရင်သေွးငယ်ကြီးထွားဖွ့ံဖြိုးမှုအတွက် အဆီဓာတ်ဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြန်ပါတယ်။ ဒါ့ကြောင့် အဆီဓာတ်များတဲ့ ငါးအမျိုးမျိုးကို စားသုံးပေးသင့်ပြီး သင့်ရင်သေွးငယ်ရဲ့ ခန္ဓာကိုယ်ကြီးထွားဖွ့ံဖြိုးမှုအတွက်သာမက ဦးနေှာက်ဉာဏ်ရည်ဖွ့ံဖြိုးမှုတေွကိုပါ အထောက်အပံ့ပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်မှျတဖို့အတွက် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတေွကလည်း မပါမဖြစ်ပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့ မီးဖွားပြီးခါစအချိန်မှာ ဆရာဝန်ရေှာင်ကြဉ်ခိုင်းထားတဲ့အစားအစာတေွကလွဲလို့ ယခုဖော်ပြပေးထားတဲ့ အစားအစာတေွကို ဦးစားပေး ရေွးချယ်စားသုံးသင့်ပါတယ်။
HYA (kyarlay)