အမျိုးသမီးများရဲ့ဘဝမှာ တစ်ဘဝလုံး ယုံကြည်ချက်အပြည့်အဝနဲ့ လုံခြုံစိတ်ချမှု ပေးနိုင်တဲ့ ရင်ခွင်တစ်စုံကိုလိုလားကြမှာပါ။ မိမိလက်တွဲဖော်အတွက် ကိုယ်က တစ်ဦးတည်းသောသူဖြစ်ရတာ ပျော်ရွင်စိတ်ကြည်နူးစရာ အရာလေးတစ်ခုပါပဲ။ တချို့အမျိုးသားများဟာတော့ သူတို့ဘယ်လောက်ချစ်ကြောင်း ဘယ်လိုချစ်ကြောင်းမဖော်ပြတတ်ကြပေမယ့် သူတို့ရဲ့ အပြုအမူလေးတေွကနေ သိနိုင်ပါတယ်။
သူဟာ အရမ်းကို အချိန်အတူတူဖြုန်းချင်နေတတ်ပါတယ်။ သင်နဲ့ အတူ ကော်ဖီသောက် စကားစမြည်ပြောနေရတာလေးကိုတောင် ပျော်နေတတ်ပါတယ်။ဘာကိုပဲလုပ်လုပ် နှစ်ယောက်အတူတူလုပ်ချင်တာမျိုးကို နှစ်ပေါင်းများစွာ မရိုးမအီအောင်လုပ်ချင်နေတတ်ပါတယ်။ သင့်အတွက်လည်း အမြဲဖြည့်ဆည်းပေးရန်အသင့်ဖြစ်နေတတ်ပြီး သင်ဘဝရဲ့ အရေးမပါတဲ့ နေ့စဉ်ဖြတ်သန်းပုံလေးများက အစ စိတ်ဝင်စားနေတတ်ပါတယ်။
သူရဲ့ အနာဂတ်မှာလည်း သင်ပါဝင်နေပြီး သင်ဟာ သူ့အိပ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတတ်ပါတယ်။ သင်ရဲ့ အတေွးအခေါ်အကြံဉာဏ်များကိုလည်း လေးစားပြီး သင့်ဆီကလည်းအကူအညီကို အလေးအနက်ထားတောင်းခံတတ်ပါလိမ့်မယ်။ သင်ဘာကိုကြိုက်တယ် ဘာကိ်ု မကြိုက်ဘူးကိုလည်း မှတ်မိနေတတ်ပြီး သင်ရဲ့ အိမ်မှုကိစ္စများကိုလည်း ဝင်ရောက်ကူညီပေးဦးမှာပါ။
သင်အဝေးကို ရောက်နေချိန်မှာလည်း သင့်ကို သတိရနေတတ်ပြီး သင်၏အိမ်မက်တေွအမှန်တကယ်ဖြစ်လာဖို့လည်း သူက ကူညီပေးမှာပါ။ အသုံးအနှုန်းမှာလည်း "ကိုယ်တို့" ကဲ့သို့ သင့်ကိုပါ ထည့်သွင်းပြောဆိုတတ်တာကို တေွ့ရမှာဖြစ်ပြီး သင်ကိုလည်း ပြောင်းလဲဖို့မကြိုးစားဘဲ သင့်ရဲ့အရှိအရှိ်တိုင်းကိုပဲ သူက မြတ်နိုးနေမှာပါ။သူမှားတာရှိရင်လည်းသူက မဆိုင်းမတွတောင်းပန်နေဦးမှာပါ။
သူကသင့်ကို လေးစားမှုလည်းရှ်ိပြီး သင်ရဲ့ သူငယ်ချင်းများ သင်၏ မိသားစုများလည်း အဆင်ပြေအောင်နေထိုင်တတ်တာကိုတေွ့ရမှာပါ။ သင်အခက်အခဲရှိရင်လည်း သင်ရေှ့မှာမားမားရပ်ပြီးသင့်ကို အကာအကွယ်ပေးနေဦးမှာပါ။ သင်နဲ့ပေးထားသော ကတိစကားများကိုလည်း အမြဲမှတ်မိနေတတ်ပြီး သင်နဲ့ဆက်ဆံရေးကိုလည်း ဘယ်တော့မှ လက်လေှျာ့မှာမဟုတ်ပါဘူး။ သင်အံ့အားသင့်ဖို့လည်း လက်ဆောင်ပေးတဲ့ကိစ္စမျိုးကိုလည်း လုပ်တတ်တာကို လည်းတေွ့ရမှာပါ။ အားလုံးပျော်ရွင်ဖွယ်အိမ်ထောင်တစ်ခုကို ဖန်တီးနိုင်ဖို့ ဆန္ဓပြုလိုက်ရပါတယ်နော်။
MiGi