သင့်မှာကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရပြီဆိုတာနဲ့ ဘယ်အရာကို စတင်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားရကျပ်တတ်ပါတယ်။ ကိုယ်ဝန်ရှိကြောင်းသိလိုက်ချိန်မှာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှု ၊ အံသြမှု စတဲ့ ခံစားချက်အများအပြားကြောင့် အာရုံထေွှပားပြီး လုပ်သင့်လုပ်ထိုက်တာတေွကို မလုပ်မိလိုက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ပထမသုံးလပတ်မှာ မိခင်လောင်းတိုင်း မဖြစ်မနေပြုလုပ်ထားရမယ့် အချက်များကို ဖော်ပြပေးသွားပါမယ်။
အရေးကြီးဆုံး လုပ်ဆောင်ရမှာက ကျွမ်းကျင်တဲ့ဆရာဝန်ကို သေသေချာချာရှာဖေွှပီး ကိုယ်ဝန်အပ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကလေးအတွက်ရော ၊ မိခင်အတွက်ရော အရေးပါတာကြောင့် ကိုယ်ဝန်ပထမသုံးလပတ်မှာတင် ကြိုတင်အပ်နှံထားသင့်ပါတယ်။ အပ်နှံပြီးသွားချိန်တော့ သန္ဓေသားဖွ့ံဖြိုးမှုနဲ့ မိခင်လောင်းကျန်းမာဖို့အတွက် အာဟာရပြည့်ဝမှျတစွာ စားသုံးဖို့ အစားအသောက်စာရင်းကို စတင်ပြုလုပ်ရပါမယ်။
သင်မီးဖွားမယ့်ရက်ကို သိရှိဖို့ရာ သင်နောက်ဆုံးဓမ္မတာလာခဲ့တဲ့ရက်ကို အတိအကျ သိရဖို့လိုပါတယ်။ ဒ့ါအပြင် ကိုယ်ဝန်သက်တမ်းကိုတွက်ချက်နိုင်ဖို့အတွက် ပြက္ခဒိန်မှာ အရေးပါတဲ့ ရက်စွဲများကို မှတ်သားထားသင့်ပါတယ်။ နောက်ပြီး သင့်မှာကိုယ်ဝန်ရှိသွားပြီဖြစ်ကြောင်းကို သင့်ရဲ့အနီးဆုံးမှာရှိတဲ့ မိသားစုဝင်တေွ ၊ ဆေွမျိုးညီအစ်ကိုမောင်နှမတေွကို ပြောပြရပါမယ်။
သင်ရဲ့ တစ်နေ့တစ်ခြား ဖွ့ံဖြိုးလာတဲ့ ဝမ်းဗိုက်အနေအထားတေွကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားသင့်ပါတယ်။ ကိုယ်ဝန်စရစဉ်ကတည်းက ကိုယ်ဝန်သက်တမ်းရင့်လာတဲ့အထိ တစ်လေှျာက်လုံး သင်နဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် ဗိုက်ဖုံးအလှအကျႌလေးတေွကို ဝတ်ဆင်ကာ ဓာတ်ပုံလှလှလေးရိုက်ထားလိုက်ပါ။ တစ်ချိန်မှာ အရမ်းကို ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတေွ ဖြစ်လာပါလိမ့်မယ်။
အရင်ကဘယ်လိုပဲနေခဲ့နေခဲ့ ကိုယ်ဝန်လွယ်ထားရချိန်မှာတော့ မိမိကိုယ်ကိုယ်နဲ့ သန္ဓေသားအတွက် ကျန်းမာရေးကောင်းမွန်အောင် နေထိုင်သင့်ပြီး အာဟာရညီညွတ်မှျတအောင် စားသောက်ခြင်း ၊ သင့်တော်မယ့်လေ့ကျင့်ခန်းများပြုလုပ်ခြင်း ၊ ရေဓာတ်ခန်းခြောက်မှုမရှိအောင်နေထိုင်ခြင်းတို့ ပြုလုပ်ရမှာဖြစ်ပါတယ်။
HYA (kyarlay)