Kyarlay.com

over 2 years

ကိုယ်ဝန်ထိန်းသိမ်းစောင့်ရှောက်ပုံ


Nppys2ued1ahgnrzswmj

ကိုယ်ဝန်ရှိတဲ့အခါမှာ ကိုယ်ဝန်ကို ဘယ်လို ထိန်းသိန်းစောင့်ရှောက်ရမလဲ ဆိုတော့

• စောစီးစွာ ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်း

• ကနဦး ကိုယ်ဝန်အပ်စဉ်မှာ စစ်ဆေးရမယ့် သွေး၊ ဆီး၊ အာထရာဆောင်း ရိုက်ခြင်း၊ အားဆေးများ သောက်သုံးခြင်း ( ကိုယ်ဝန်စောင့်ရှောက်မှု ဆရာဝန်၊ ဆရာမ ထံမှ)

• ဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်း မရှိစေရန် အလေးအပင်မခြင်းကို ရှောင်ကျဉ်ခြင်း၊ လမ်းကြမ်းကြမ်းလျှောက်သွားပြီး သွားလာခြင်း၊ အမျိုးသား နှင့် လိင်ဆက်ဆံခြင်းများ
ရှောင်သင့်ပါတယ်။

• ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ သွေးဆင်းခြင်းရှိက ကိုယ်ဝန်စောင့်ရှောက်သူထံ ချက်ချင်း သွားရောက် ကုသမှု ခံယူသင့်ပါတယ်။

Ref: မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ ဇူလိုင်လထုတ်မှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးဒေါက်တာသဇင်ညွန့် အင်တာဗျူးမှ ကောက်နုတ်ချက်