ဂေါ်ဖီထုပ်များဟာ လူတော်တော်များများ မကြိုက်ကြပေမယ့် ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် နေ့စဉ် စားသောက်မှုမှာ ပါ၀င်သင့်တဲ့ အသီးအရွက် တစ်ခုလည်းဖြစ်ပါတယ်။ ကလေးငယ်လေး ဖြည့်စွတ်စာစစားလို့ရတဲ့ ၆ လသားအရွယ်မှာ စမ်းကျေွးကြည့်သင့်တဲ့ အရွက်တစ်မျိုးပါပဲ။
ဂေါ်ဖီထုပ်ဟာ ဆာလဖာ ဓာတ်ကြွယ်ဝသောကြောင့် ၀မ်းဗိုက်အတွင်း အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ကလေးငယ်များ ၀မ်းချုပ်ခြင်းကိုပါ ကာကွယ်ပေးပါသေးတယ်။ ဖြည့်စွတ်စာ စတင်စားသုံးတဲ့ ကလေးငယ်များမှာ အစာချေဖျက်ရာမှာ အခက်အခဲလေးတေွရှိတတ်ပါတယ်။ ဂေါ်ဖီထုပ်ကို ကျေွးပေးခြင်းဖြင့် ကလေးငယ်များ အစာချေဖျက်ရလည်း အဆင်ပြေစေမှာပါ။
ဂေါ်ဖီလို ဟင်းသီးဟင်းရွက် များမှာ ဂလူကိုဆင်နိုလိတ် ပါ၀င်တဲ့အတွက် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ကလေးငယ်အတွက် ကင်ဆာရောဂါ အတွက်စဉ်းစားပေးတယ်ဆိုတာမျိုးက အရမ်းစောနေကောင်း စောနေနိုင်ပေမယ့် မဖြစ်အောင် ဖြစ်နိုင်သမှျစောစော ကာကွယ်ထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။
ဂေါ်ဖီထုပ်က ကော်လက်စထရောပါ၀င်မှုလည်း နည်းတဲ့ အတွက် နှလုံးကျန်းမာရေးကောင်းမွန်ခြင်းအတွက်လည်း အထူးသင့်လျော်ပါတယ်။ ဂေါ်ဖီထုပ်မှာ ကောင်းမွန်တဲ့ ဖောလစ် အက်ဆစ် ပမာဏပါ၀င်တဲ့ အတွက် စားသုံးသော အစားအစာများမှ သံဓာတ်စုပ်ယူမှုကိုလည်း ကောင်းမွန်စေပါတယ်။
ဂေါ်ဖီထုပ်မှာ အဆိပ်ဖြေတဲ့ အင်ဇိုင်းလည်းပါ၀င်တဲ့ အတွက် ကိုယ် ခန္ဓာထဲမှ အဆိပ်အတောက်များ စွန့်ထုတ်ခြင်းနဲ့ ကိုယ်ခန္ဓာကို ကျန်းမာသော အနေအထားမှာ တည်ရှိနေအောင်ထားပေးနိုင်ပါတယ်။ကလေးငယ်လေးအတွက် ကျန်းမာရေးက ငယ်ရွယ်စဉ်မှာ အထူးအရေးကြီးတဲ့အရာ တစ်ခုပါပဲ၊ ဖေဖေ မေမေများအနေနဲ့ကလည်း ကလေးငယ်လေးတေွကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ပြင်ဆင်ပေးတာ အကောင်းဆုံးဖြစ်မှာပါ။
MiGi