မေမေတို့ရေ အိမ်မှာ ကလေးငယ်လေးတေွနဲ့အတူ ချော့မြူဆော့ကစားမှုလေးတေွက သာမာန်ဆိုပေမယ့်လည်း တကယ်တမ်းမှာ အဲ့ဒီလို ကစားနည်းလေးတေွက ကလေးတေွရဲ့ ဦးနေှာက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးနိုင်ပါတယ်တဲ့။ အရမ်းခက်ခဲတဲ့ကစားနည်းတေွလည်းမဟုတ်ဘဲ အမြဲတမ်းချော့မြူရင်းနဲ့ ဆော့ကစားနိုင်မယ့် ဦးနေှာက်ဖွံ့ဖြိုးရေးကစားနည်းလေးတေွကို မေမေတို့တေွသိထားနိုင်ဖို့အတွက် မှျဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ သားသားမီးမီးတို့နဲ့အတူ တူတူရေဝါးကစားနည်းလေးကို ဆော့ကစားဖူးကြမှာပါ။ အဲ့ဒီလိုဆော့ကစားပေးတာက ကလေးတေွရဲ့ ဦးနေှာက်ဖွံ့ဖြိုးမှုမှာ အထောက်အပံ့ပေးပြီး ကောင်းမွန်တဲ့ဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေပါတယ်တဲ့။
နောက်ထပ်ကစားနည်းလေးကလည်း မခက်ခဲပါဘူး။ သားသားမီးမီးတို့နဲ့အတူတူ လက်ခုပ်လက်ဝါးတီးပေးရုံပါပဲ။ မေမေ၊ ဖေဖေတို့နဲ့အတူတူ သားသားမီးမီးလေးတေွကိုလည်း လက်ခုပ်လက်ဝါးလိုက်တီးစေတာက ကလေးငယ်တေွရဲ့ ဦးနေှာက်ဖွံ့ဖြိုးရေးကို တိုးတက်စေမှာပါ။
နောက်ထပ်ကစားနညး်လေးကလည်း လွယ်ပါတယ်နော်။ ကလေးတေွနဲ့အတူတူ ပုဇွန်ဆိတ်ဆော့ကစားတာမျိုး၊ ကျီးဖြူကျီးမည်းကစားနည်းလိုမျိုးလေးတေွကို ဆော့ကစားပေးတာပါ။ အဲ့ဒီလိုကစားနည်းလေးတေွကလည်း ကလေးတေွအတွက် ဦးနေှာက်ဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်စေပါတယ်တဲ့။
မေမေတို့ရေ အဲ့ဒီကိုကစားနည်းလေးတေွကမှတဆင့် နောက်ပိုင်းမှာတော့ ကလေးတေွကို သူတို့ရဲ့ မျက်လုံး၊ နား၊ ပါးစပ်၊ နှာခေါင်းစတာလေးတေွကို သင်ကြားပေးပြီး မျက်လုံးလို့ပြောလိုက်တာနဲ့ သူတို့မျက်လုံးလေးကို ကိုယ်တိုင်ညွှန်ပြတတ်အောင်၊ နား၊ ပါးစပ်၊ နှာခေါင်းတစ်ခုချင်းစီကို သင်ကြားပြသပေးပြီး လေ့ကျင့်ပေးနိုင်မှာပါ။
နောက်တစ်နည်းဆော့ကစားဖို့ကတော့ ကလေးလေးတေွနဲ့အတူတူ မျက်နှာပြောင်ပုံစံလေးတေွ အတူလိုက်ပြီးပြုလုပ်စေဖို့ပါ။ ရုပ်ပြောင်လေးတေွကို မေမေတို့ ဖေဖေတို့ပြုလုပ်တဲ့အတိုင်း သားသားမီးမီးလေးတေွကို လိုက်လုပ်စေတာကလည်း ဦးနေှာက်ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်စေပါတယ်နော်။
မေမေတို့ရေ နောက်ဆုံးနည်းလမ်းလေးကတော့ ကလေးလေးတေွနဲ့အတူ ကစားစရာလေးတေွ၊ သင်ကြားနည်းကစားစရာပစ္စည်းလေးတေွနဲ့ အတူတူဆော့စကားပေးဖို့ပါပဲ။ သားသားမီးမီးလေးတေွကို ရေှ့ကနေဆော့ကစားပြသပြီး အတူတူလိုက်ပါပြုလုပ်စေခြင်းက ကလေးတေွရဲ့ ဦးနေှာက်ဖွံ့ဖြိုးမှုမှာ အထောက်အပံ့ကောင်းတေွရရှိစေပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)