ဝမ်းပျက်ဝမ်းလေှျာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ မိုးဦးကျ နဲ့ မိုးအကုန်ဆောင်းအကူးမှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်ပါတယ်။၀မ်းပျက် ၀မ်းလေှျာဆိုတာကတော့ တနေ့လှျင် ၃ ကြိမ်နှင့်အထက် ၀မ်းသွားခြင်းနဲ့ အရည်များခြင်းတို့ဖြစ်ပါတယ်။
မိခင်နို့ရည်နဲ့ မတည့်၍လည်း ၀မ်းပျက်ဝမ်းလေှျာဖြစ်နိုင်ပါသေးတယ် ဖြစ်ရတဲ့အကြောင်းရင်းကတော့ နို့မှာပါ၀င်တဲ့ အချိုဓာတ် ကို အစာမချေနိုင်တဲ့ အတွက် ဖြစ်ပါတယ်။ ၀မ်းအရည်သွားပြီး ၀မ်းတွင်အချိုဓာတ်ပိုနေတတ်ပါတယ်။ နို့တိုက်ရင်လည်း ၀မ်းပိုသွားတတ်ပါတယ်။
ကလေးငယ်ဟာ ဖြည့်စွတ်စာကျေွးနေသော အရွယ်ဖြစ်ပါက ကလေးကို မိခင်နို့ဆက်တိုက်ပါ။ ဓာတ်ဆားရည်တိုက်ပါ။ စွတ်ပြုတ်အရည်၊သစ်သီးဖျော်ရည်၊ ထမင်းရည်၊ အုန်းစိမ်းရည်များများတိုက်ပါ။ မစာမကျေွးပဲမနေရပါဘူး။ သန့်ရှင်းလတ်ဆတ်ပြီး အစာကြေလွယ်သော ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ သာကူပြုတ်၊ကေွကာအုပ်၊ ဖီးကြမ်းငှက်ပျောသီး ၊ ပိုမှန်ထက်တစ်နပ်ပိုစားဖို့လိုအပ်ပြီး ၂ ပတ်တိတိ ပိုစားဖို့လိုအပ်ပါတယ်။
ကလေးငယ်က နို့တွင်ပါ၀င်သော အချိုဓာတ်ကိုဓာတ်မတည့်၍ အစာမချေဖြတ်နိုင်ပါက ဓာတ်ဆားရည်တိုက်ပေးပြီး နို့အစား ပဲနို့၊ ပဲနို့ရည်၊ ထမင်းရည်တိုက်နိုင်ပါတယ်။ ပိုးသတ်ဆေးများမတိုက်ရပါဘူး။ ၀မ်းကိုက်ရောဂါဖြစ်မှတိုက်ရပါမယ်။ ၀မ်းပိတ်ဆေးလည်း မတိုက်ရပါဘူး။အချိုရည်များလည်း မတိုက်ရပါဘူး။
၀မ်းပျက်ဝမ်းလေှျာ မဖြစ်အောင် နို့စို့ အရွယ်ကလေးငယ်ကို မိခင်နို့ရည်ပဲတိုက်ပါ။ နို့ဗူးမတိုက်ပါနဲ့၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ၊အစာမစားခင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။ အစားအစာများကို ယင်လုံအောင်ထားပါ၊ ရေကိုကျိုချက်သောက်ပါ၊ အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ဆေးပါ၊သန်မှန်မှန်ချပါ၊ကလေးငယ်ကို ကာကွယ်ဆေးထိုးပါ၊ ကလေးငယ်ရဲ့ မစင်ကိုစနစ်တကျစွန့်ပစ်ပါ။
MiGi