မေမေတို့ရေ နို့တိုက်မိခင်ဘဝမှာ အခြားသူတေွထက်ပိန်နေတယ်ဆိုရင်တော့ မေမေတို့အတွက်စိတ်မချမ်းသာစရာပါ။ သားသားမီးမီးလေးတေွ နို့ဝပါ့မလား။ ကိုယ့်ရဲ့နို့ရည်ဟာ သားသားမီးမီးတို့အတွက် အာဟာရမှပြည့်ပါ့မလားဆိုတဲ့ စိုးထိတ်စိတ်တေွနဲ့ စိတ်ညစ်ညူးရပါတယ်။
မေမေတို့ရေ နို့တိုက်မေမေပိန်နေတယ်ဆိုရင်တော့ အစားတေွများများပိုစားရပါမယ်။ နောက်ပြီး နို့တိုက်ပြီးချိန်တိုင်းမှာလည်း မေမေတို့က အစာတစ်ခုခုစားသင့်တယ်ပါတယ်။ အစားကြီးကိုလည်း အခြားသူတေွထက် တစ်နပ်တော့ပိုစားပေးဖို့လိုပါတယ်။ အစားစားတဲ့အခါမှာလည်း အာဟာရပြည့်ဝစေဖို့ အာဟာရအုပ်စုကြီး (၃) စုစလုုံးကို မှျတအောင် ပုံမှန်လေးစားပေးရမှာပါ။ တကယ်လို့အားဆေးသောက်ဖို့စိတ်ကူးရင်တော့ အခြားအားဆေးတေွထက် ကိုယ်ဝန်ဆောင်ကာလတုန်းက သောက်ခဲ့တဲ့အားဆေးတေွကို ဆက်လက်သောက်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နို့တိုက်မိခင်ဘဝမှာ အာဟာရဖြစ်ဖို့အတွက်ဆိုရင်တော့ မေမေတို့က အစားတေွအများကြီးစားပေးပြီး အာဟာရပြည့်ဝတဲ့အစားအစာတေွှဖစ်စေဖို့အတွက် ဂရုစိုက်ပေးဖို့လိုပါတယ်။
နို့တိုက်မိခင်များ ပိုမိုလိုအပ်တဲ့ အာဟာရဓာတ်များကတော့
ပရိုတင်း (ဂရမ်) +၂၀
ကယ်လိုရီ +၅၅၀
ဗီတာမင်အေ (မိုက်ခရိုဂရမ်) + ၁၂၀၀
ဗီတာမင်ဘီ ၁ (မီလီဂရမ်) +၀.၂
ဗီတာမင်ဘီ ၂ (မီလီဂရမ်) +၀.၄
နိုင်ယာစင် (မီလီဂရမ်) +၃.၅
ထုံးဓာတ် (မီလီဂရမ်) +၆၀၀
အိုင်အိုဒင်းဓာတ် (မိုက်ခရိုဂရမ်) +၅၀
မေမေတို့ရေ သာမန်အမျိုးသမီးတစ်ဦးက တစ်နေ့ကို ဆန်နို့ဆီဘူးတစ်လုံးခွဲစားတယ်ဆိုရင် နို့တိုက်မိခင်တစ်ဦးကတော့ အာဟာရဓာတ်တေွပိုမိုလုံလောက်စေဖို့အတွက် သာမန်အမျိုးသမီးထက် ဆန်နို့ဆီဘူး လေးပုံတစ်ပုံလောက်တော့ ပိုစားပေးဖို့လိုပါတယ်။
MiGi