ကလေးမေွးပြီးစ မိခင်တေွမှာ ရင်ဆိုင်ကြုံတေွ့ရတာကောတ့ လူ့လောကထဲကို အခုမှရောက်လာပြီး တေွ့ကြုံရတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရရှာတဲ့ မေွးကင်းစကလေးငယ်နဲ့ တစ်ဦးကိုတစ်ဦး နားလည်အောင်ကြိုးစားနေရတာပါပဲ။ တကယ်တော့ ဒီလိုနားလည်အောင် အထူးတလည်ကြိုးစားနေဖို့တော့ မလိုအပ်ပါဘူး။ ကလေးနဲ့ နီးကပ်စွာနေရင်း သိလာမှာ ဖြစ်ပါတယ်။
မီးဖွားပြီးခါစ ကလေးမိခင်အနေနဲ့ မောပန်းနွမ်းနယ်မှုတေွ ခံစားရမှာ ဖြစ်တဲ့အတွက် ပြည့်ပြည့်ဝဝ အနားယူသင့်ပါတယ်။ တစ်ချို့ဆိုရင် လမ်းလေှျာက်တာတို့ လှုပ်လှုပ်ရှားရှား နည်းနည်းလေးလုပ်တာနဲ့တင် ပင်ပန်းနေတတ်တာလေးတေွ ရှိပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးခါစ မိခင်အတွက် မိသားစုဝင်တို့ အလိုက်တသိနဲ့ ဆောင်ရွက်ပေးရမယ့်အရာများကို ဖော်ပြလိုပါတယ်။
မေွးပြီးစမိခင်တေွအနေနဲ့ ကလေးအတွက် နို့တိုက်ခြင်းကိုပဲ အဓိကထားလုပ်ဆောင်သင့်ပြီး ကျန်တဲ့ ကလေးနဲ့ ပတ်သတ်တဲ့ တာဝန်တေွအကုန်လုံးကို အခြားသူတေွက ခွဲဝေလုပ်ဆောင်ပေးရပါမယ်။ ကလေးအိပ်ပြီဆိုတာနဲ့ မိခင်ကပါ လိုက်အိပ်သင့်ပါတယ်။ ကလေးနိုးရင်လည်း လိုက်နိုးရပါတယ်။ အဲ့လိုမျိုး လိုက်အိပ်ခြင်းကို တစ်နေ့မှာ အကြိမ်တိုင်းနီးပါး လိုက်လုပ်ပေးခြင်းကနေ မိခင်အတွက် အနားယူတဲ့ အချိန်တေွကို ရရှိစေမှာ ဖြစ်ပါတယ်။
သားဦး ၊ မြေးဦးကို မေွးပေးထားတဲ့ မိခင်တေွအနေနဲ့ ဧည့်သည်များတတ်ပါတယ်။ အဲ့ဒါကြောင့် သတင်လာမေး ၊ ကလေးလာကြသည့်တဲ့ ဧည့်သည်တေွကို ကျန်တဲ့မိသားစုဝင်တေွကသာ အချိန်ပေးပြီး ဧည့်ခံပေးသင့်ပါတယ်။ မိခင်ညဘက်တေွမှာ အိပ်ရေးမပျက်အောင် ဆိုပြီး မိခင်နို့ရည်ကို နို့ဗူးထဲထည့်ကာ အခြားတစ်ယောက်က ကလေးကို တိုက်ပေးခြင်းမျိုးကိုတော့ မလုပ်သင့်ပါဘူး။
တစ်နေ့မှာ ပုံမှန်လှုပ်ရှားသွားလာခြင်း ၊ လမ်းလေှျာက်ခြင်းများကိုလည်း ကျန်တဲ့ မိသားစုဝင်တေွက ပြုလုပ်ဖို့ တိုက်တွန်းပေးသင့်ပါတယ်။ အခုလိုပြုလုပ်ခြင်းဟာ မီးဖွားပြီးခါစ မိခင်တေွရဲ့ အနားယူခြင်းအတွက် အထောက်အပံ့ကောင်းဖြစ်စေမှာပါ။ ခြေသလုံးအတွင်းနဲ့ သေွးပြန်ကြောများအတွင်းသေွးခဲခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)