အမျိုးသမီးတစ်ဦးအတွက် ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ နဂိုကတည်းကမှ ရှုပ်ထေွးလှတဲ့ ခန္ဓာကိုယ်ဇီဝကမ္မ ပြောင်းလဲမှုဖြစ်စဉ်တေွှကားထဲကို သန္ဓေသားတစ်ဦး ထပ်မံရောက်ရှိလာတာကြောင့် ခန္ဓာကိုယ်အတွင်းမှာ မြောက်များလှစွာသော ပြောင်းလဲမှုတေွ ဖြစ်ပေါ်ပါတယ်။
ကိုယ်ဝန်စတည်ကတည်းက မိခင်လောင်းရဲ့ ဝမ်းဗိုက်ထဲမှာ စတင်ပြောင်းလဲလာပြီး နောက်ဆုံး မီးဖွားချိန်ထိ အမျိုးသမီးကိုယ်တွင်းအင်္ဂါများ ကြီးကြီးမားမား ပြောင်းလဲလာပါတယ်။ ဒါကို မိခင်လောင်းတေွအနေနဲ့ သိရှိထားသင့်ပါတယ်။
ဒီပြောင်းလဲမှုဖြစ်စဉ်ကို အသေးစိတ်ဖော်ပြနိုင်ဖို့က ခက်ခဲပါတယ်။ အထူးသဖြင့် ဆေးပညာသုံးစကားလုံး အများအပြားနဲ့ ရှင်းပြလိုက်တဲ့အခါမျိုးမှာ မိခင်လောင်းတေွအနေနဲ့ နားမလည်တဲ့အပြင် ပိုတောင် မျက်စိလည်သွားနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ်ဝန်သက်တမ်းအလိုက် အမျိုးသမီးကိုယ်တွင်းအင်္ဂါများ အဆင့်ဆင့်ပြောင်းလဲလာပုံကို ဗီဒီယိုဖိုင်နှင့်တကွ ဖော်ပြပေးသွားပါမယ်။
ကိုယ်ဝန်သက်တမ်းအလိုက် အမျိုးသမီးကိုယ်တွင်းအင်္ဂါများ အဆင့်ဆင့်ပြောင်းလဲလာပုံ
#MiGi