မေမေတို့ရေ ဒီနေ့မှာတော့ သားသားမီးမီးလေးတေွ ခံတွင်းမြိန်စေမယ့် သီးစုံကြက်သားဖြည့်စွက်စာ ပြင်ဆင်နည်းလေးကို ဖော်ပြပေးမယ်နော်။ မေမေတို့ရေ အသီးအရွက်စုံ၊ ကြက်သား၊ ကြက်ဥလေးနဲ့ ဘေဘီလေးတေွ အမှန်တကယ်ကို အကြိုက်တေွ့စေမှာပါ။
ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် ... စားပွဲဇွန်း ၁ ဇွန်း
- ကြက်သား ... အသားချည်း ၁၀ သား
- မုန်လာဥနီ ... ၁ ဥ
- ပန်းဂေါ်ဖီစိမ်း ... ၁ စိတ်
- ကြက်ဥ ... ၁ လုံး
- ရေွှဖရုံသီး ... ၁ စိတ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- စားသုံးသည့်သံလွင်ဆီ ... လက်ဖက်စားဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ... ၁ မွှာ
ပြင်ဆင်ချက်ပြုတ်နည်း ..
- အားဖြည့်ဆန်ကို ရေဆေးထားပါ။ ကြက်သားကိုရေဆေးပြီး အတုံးလေးများတုံးထားပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။ ရေွှဖရုံသီးကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။ ပန်းဂေါ်ဖီစိမ်းကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလှီးထားပါ။
- အိုးသန့်သန့်လေးထဲသို့ ရေသန့် ပန်းကန်လုံး ၂ လုံးစာထည့်ပြီး အပူပေးပါ။ ပြီးလှျင် ဆန်၊ ကြက်သား၊ ကြက်သွန်ဖြူထည့်ပြီး ဆူပွက်အောင်တည်ပါ။ ရေဆူပွက်လာပါက ပန်းဂေါ်ဖီစိမ်း၊ ရေွှဖရုံသီး၊ မုန်လာဥနီထည့်ပါ။ ဆားထည့်ပါ။
- ထပ်မံပြီးရေဆူပွက်လာပါက မေွှပေးပြီး ရေခမ်းအောင်ဆက်တည်ထားပါ။
- ရေခမ်းစပြုပါက ကြက်ဥဖောက်ထည့်ပြီး မေွှပေးပါ။ ပြီးလှျင်ဆက်တည်ထားပါ။
- ရေခမ်းပါက ဆီဆမ်းပြီး မေွှပေးပါ။ ပြီးလှျင်မီးဖိုပေါ်မှချပြီး ဇွန်းဖြင့်ကျေညက်သွားအောင် ကျိတ်ချေပေးပါ။
- ရေညက်သွားပြီဆိုပါက သားသားမီးမီးလေးများကို ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)