Kyarlay.com

almost 2 years

ကလေးကိုနည်းစနစ်ကျကျစည်းကမ်းချ


Izsptgr37cs45dyifkhb

မိဘတွေ အနေနဲ့ သားသမီးကို ချစ်တဲ့နေရာမှာ ချစ်ရာမရောက်ဘဲ နှစ်ရာမရောက်စေဖို့ အလိုမလိုက်သင့်တဲ့နေရာမှာ အလိုလိုက်ဖို့ နည်းစနစ်တကျ ကလေးကို ပြုစုပျိုးထောင်ပါ။
စည်းကမ်းဟူသည် လူ့တန်ဖိုး ဆိုသလို စည်းကမ်းကလည်းအရေးကြီးပါတယ်။

ကလေးဆိုပြီး အရေးမကြီးဘူး ဆိုပြီး စည်းကမ်းမချမှတ်ဘဲ မရပါဘူး။

ကလေးအရွယ်ကတည်းကမှ စည်းကမ်းမရှိရင် ကြီးလာတဲ့ အခါ အခြားလူတွေနဲ့လည်း အဆင်မပြေ ဖြစ်လာမယ်။
လူကြီးတွေကို လည်းကန့်လန့်တိုက်လာမယ် နောက်ပိုင်းကြရင် ပတ်ဝန်းကျင်နှင့်တောင်မှ သဟဇာတ မဖြစ်တော့ပါဘူး။
ဒါကြောင့် မိဘတွေ အနေနဲ့ ကလေးကို ငယ်စဉ်ကတည်းက စတင်ပြီး ပြုစုပျိုးထောင်လာကတည်းက အဖေရောအမေရော စည်းကမ်းချတဲ့ နေရာမှာ နှစ်ယောက်စလုံးပါဝင်ရပါမယ်။

၃နှစ်လောက်ဆို ကလေးက နားလည်နေပြီလေ။ အသိဥာဏ် အနေနဲ့ တော်တော်လေးကို နားလည် နားလည်နေပြီ။ ပြောရင် သူလက်ခံနိုင်တဲ့ အပိုင်းတွေ ရှိလာပြီလေ။
၃နှစ်လောက်ဆို အကျိုးကြောင်းနဲ့ ရှင်းပြရင် ကလေးက လက်ခံတတ်ပြီလေ။
ကလေးက အမှားတစ်ခုခု လုပ်လိုက်လို့ ဆွဲရိုက်လိုက်ရင် ကလေးက ဘာလို့ ရိုက်တာလဲဆိုတာမသိဘူး ရိုက်လို့ နာတာဘဲ သိမယ်လေ၊
ဥပမာ- ကလေးက ကြောင်အိမ်ထဲက ဟင်းကို နိုက်စားတယ် နိုက်စားတော့ သူအရိုက်ခံရတယ်။ သူဘာဖြစ်လို့ရိုက်ခံရတာလဲ ဆိုတာ မသိဘူးလေ။
ဘာကြောင့် ရိုက်တယ်ဆိုတာ ပြောပြရမယ်။ မရိုက်ခဲ့ဘူးဆိုရင်လည်း နောက်တစ်ခါ အမှား လုပ်ရင် ရိုက်မယ်ဆိုတာကို တစ်ခါတည်းပြောပြရမယ်။
နောက်တစ်ခါ လုပ်ရင်တော့ တကယ်ရိုက်ရမယ်။ ဘာဖြစ်လို့ရိုက်ခိုင်းလဲဆိုရင် ကလေးက နောက်တစ်ခါ ထပ်လုပ်ရင် ရိုက်မယ်ပြောပြီး မရိုက်တော့ ကလေးက တစ်ခါတစ်လေမှာ အရိုက်ခံရတယ်၊ တစ်ခါတစ်လေမှာ အရိုက်မခံရဘူး အဲတော့ သူလုပ်ရမလား မလုပ်ရဘူးလားဆိုတာ မသိတော့ဘူးလေ။ မမှတ်တော့ဘူးလေ။ အဲဒါကြောင့် ရိုက်မယ်ဆိုတာကလည်း ရိုက်သင့်တဲ့ အရာမျိုးမှာပေါ့။



ကလေးဆိုတာမျိုးက ရှေ့ကို အမြဲတိုးကြည့်တတ်ကြတယ်။
သူ့အမေက ဘောင်ချထားရင် ဘယ်လောက်ထိ တိုးရမလဲဆိုတာ လုပ်ကြည့်တယ်။
လုပ်ကြည့်လို့ အရေးမယူရင် ဆက်လုပ်တတ်တာမျိုးလေ။ မိဘတွေက အဲဒါကို သိရမယ်။

ပထမ အကြိမ် ချက်ချင်းရိုက်ဖို့ မဟုတ်ဘူး။ ရိုက်လိုက်မိရင်လည်း သေချာရှင်းပြပေးရမယ်။ အကျိုးသင့် အကြောင်းသင့် ရှင်းပြရမယ်။
ရိုက်မယ်ဆိုတာကလည်း ရိုက်သင့်တဲ့ အရာမျိုးမှာပေါ့။

ဥပမာ - ကစားတဲ့အခါ တခြားကလေးတွေကို နိုင်ထက်စီးနင်းရိုက်တာမျိုးဆို သူငယ်ချင်းဆိုတာ ဒီလို မလုပ်ရဘူး အတူတူ ကစားရတယ်။
သူက ပြန်လုပ်ရင် သားနာမှာပေါ့။ အဲဒီလို ပြောပြပေးရမယ် သူလုပ်တာမှားသွားလားဆိုတာ သူသိသွားမယ်။ စည်းကမ်းပေး တယ်ဆိုတာမှာလည်း စနစ်ရှိဖို့လိုတယ်။
ကလေးဘဲ ငယ်ပါသေးးတယ် လုပ်လို့မရဘူး။ အကုန်တင်းကြပ်ဖို့လည်း မဟုတ်ဘူး။
သူတို့လိုက်နာနိုင်တဲ့ စည်းကမ်းလေးတွေ ချပေးရမှာပေါ့။ စည်းကမ်းချတဲ့နေရာမှာလည်း အဖေရော အမေရော ချမှတ်ရမယ်။
ကလေးဆိုတာ ကောင်းတာလုပ်တာတွေလည်း အများကြီးပါဘဲ မိဘက ရှာနေတဲ့ ပစ္စည်းလေးကို ယူလာပေးရင် သားလေးက တော်လိုက်တာဟယ် ဆိုပြီးတော့ ချီးကျူးစကားလေးပြောပေးရမှာပါ။
အရုပ်ကလေးတွေနဲ့ သူကစားထားလို့ ကစားစရာတွေ ပြန်သိမ်းတာမျိုးလည်း အမေက ကူပေးရင် သိမ်းတတ်အောင် လုပ်တာလည်း စည်းကမ်းပဲလေ။

လိမ္မာတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင် စည်းကမ်းချတတ်ကြပါစေရှင့်




San Su Kyi Naing