စိုးရိမ်စိတ်သည် ဘဝတွင် အောင်မြင်မှုများလိုအပ်ခြင်းကြောင့် စိန်ခေါ်ပြီး ဆောင်ရွက်ရသော အခြေအနေများတွင် ဖြစ်ပေါ်လာတတ်ပါသည်။ စိုးရိမ်စိတ်ဟာ အနည်းအများ လူတိုင်းတွင် ဖြစ်ပေါ်တတ်ပါတယ်။ သို့ပေမယ့်လည်း အလွန်အကျူး ဖြစ်ပေါ်နေရင်တော့ အန္တရာယ်ရှိပါတယ်။ စိုးရိမ်စိတ်များကြောင့် စိတ်ဓာတ်များ ကျဆင်းလာပြီး စိတ်ကျဝေဒနာကိုလည်း ဖြစ်စေပါတယ်။ မိမိကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်ပေါ်စေပါတယ်။ အခြားရောဂါတေွအနေနဲ့ နှလုံးရောဂါကဲ့သို့ ကျန်းမာရေးပြဿနာများ ခံစားနိုင်ပါတယ်။ စိုးရိန်စိတ်များ လေှျာချပေးရန်အတွက် ဒီအချက်များကို လုပ်ဆောင်ပေးပါ။
(၁)။ အိပ်ရေးဝဝ အိပ်ပေးပါ။
(၂)။ တရား ထိုင်ပါ။
(၃)။ အသက်ရှု လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
(၄)။ ရယ်မောပါ။(ဟာသများကို ကြည့်ပါ)
(၅)။ တစ်ယောက်ထဲမနေဘဲ မိတ်ဆေွတေွနှင့် တေွ့ဆုုံခြင်း
(၆)။ မိမိကိုယ်ကိုုယ် ဂရုစိုက်မှုလွန်ကဲခြင်း
(၇)။စိုးရိမ်စိတ်ဖြစ်နေသော အရာများကို လက်တေွ့ အကောင်အထည်ဖော်ဖြေရှင်းခြင်း
(၈)။ စိုးရိမ်စိတ်ကို ဖြစ်စေသောအရာများကို ရေှာင်ကြဉ်ခြင်း
(၉)။ အရက်ရေှာင်ကြဉ်ခြင်း
(၁၀)။ ယခင် ဖြစ်ခဲ့တာ နောင်ဖြစ်လာမည်များကို မစဉ်းစားခြင်းဖြင့် လေှျာ့ချပေးပါ။
နောက်ဆုံးမှာ မကြာခဏ အိပ်မပျော်ခြင်း၊ ကြွက်သားတေွတင်းမာခြင်း၊ အာရုဏ်စိုက်မရခြင်း၊ နှလုံးခုန် ရင်တုန်ခြင်း၊ တစ်လတွင် တစ်ကြိမ်ထက်ပိုပြီးတော့ ထိပ်လန့်လာခြင်း၊ ပုံမှန်အခြေအနေများတွင် တုန်လှုပ်ချောက်ချားခြင်း၊ မိမိ၏ စိတ်ဒဏ်ရာ ရရှိမှုများကို ကုစားရန် ဆေွမျိုးမိတ်ဆေွများမရှိခြင်း အခြားသူများအတွက် စိုးရိမ်စရာ မရှိသော်လည်း မိမိအတွက် စိုးရိ်မ်ပူပန်နေပါက ဆရာဝန်နှင့် ပြသပေးရပါမည်။
Ref : ဒေါက်တာမြင့်သန်းထွန်း