အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နေတဲ့ကာလဟာ တကယ့်ကို အခက်အခဲတေွ အကြုံတေွ့ရဆုံး ကာလပါပဲ။ ဒီအချိန်မှာ သူမရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်အနေနဲ့ ခင်ပွန်းဖြစ်သူက ဝေဒနာတေွ သက်သာအောင် မှျဝေခံစားပေးသင့်ပါတယ်။ အမျိုးသမီးဖြစ်သူရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုတေွ ၊ ဝမ်းဗိုက်ကြွက်သား သိသိသာသာ ကြီးမားလာမှုတေွ ၊ စိတ်ခံစားချက် မတည်ငြိမ်မှုတေွကြောင့် အမျိုးသား ဖြစ်သူနဲ့ ကတောက်ကဆလေးတေွ ဖြစ်ပေါ်တတ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီးဖြစ်သူအနေနဲ့ အထီးကျန်မှုနဲ့ စိတ်ကျဝေဒနာတို့ကို ခံစားလာရနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူထံက မေှျာ်လင့်ထားခဲ့သလို အားပေးကူညီဖေးမမှုတေွ မရရှိတဲ့အခါ တစ်ဦးနဲ့တစ်ဦးကြား ခိုက်ရန်ဖြစ်ပွားမှုတေွပါ ကြုံတေွ့ရလေ့ ရှိတတ်ပါတယ်။ ဒီလို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးကို ရေှာင်ရှားနိုင်ဖို့ အောက်မှာဖော်ပြသွားမယ့် နည်းလမ်းကောင်းတေွကို ဆက်လက်ဖတ်ရှုပေးပါဦးနော်...။
၁။ သင့်ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတေွကို ပြောင်းလဲပါ။
ဥပမာပြောရရင် သင်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ဝါသနာပါတဲ့ ဂေါက်ရိုက်အားကစားအတွက် ဂေါက်ကွင်းကို တစ်ပတ်တစ်ခါ သွားဖြစ်တယ်ဆိုပါစို့။ ဒါပေမယ့် အမျိုးသမီး အနေနဲ့ ကိုယ်ဝန်ဆောင်နေရတဲ့ ကာလမျိုးမှာတော့ အဲ့ဒီ့အစား spa သွားပြီး ချေွးထုတ်တာပဲဖြစ်ဖြစ် ၊ စိတ်အေးလက်အေး အနားယူပြီး ခင်ပွန်းဖြစ်သူနဲ့ ရိုမန့်တစ်ဆန်ဆန်လေး ဖန်တီးပြီး ဖြတ်သန်းသင့်ပါတယ်။ အဓိကကတော့ နှစ်ယောက်စလုံး သဘောကျပြီး အပြန်အလှန် အမှတ်တရလေးတေွ ရှိကြတဲ့ နေရာမျိုးကို ဆိုလိုတာပါ။
၂။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ လုံလောက်တဲ့အချိန်ရှိပါစေ။
ဘယ်စုံတွဲမှာပဲဖြစ်ဖြစ် ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်ဖို့ အချိန်ပေးရပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ လင်မယားနှစ်ယောက်စလုံးရဲ့ အာရုံတေွက ဆရာဝန်ရဲ့ ရက်ချိန်းတေွ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး စားသောက်ရမယ့် အစားအစာတေွနဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားမှုတေွကို မပျက်မကွက်လိုက်နာရတာတေွကြောင့် တစ်ယောက်နဲ့ တစ်ယောက် အေးအေးဆေးဆေးထိုင်ပြီး စကားစမြည် ပြောဆိုဖို့ အချိန်မရှိတတ်ကြပါဘူး။ ဒါဟာ လုံးဝမှားယွင်းတဲ့ အရာတစ်ခုပါပဲ။ သင်ဟာ အချိန်တစ်ချို့ကို ရေွးချယ်သတ်မှတ်ပြီး သင့်ရဲ့ လက်တွဲဖော်ဖြစ်သူနဲ့ အတေွးတေွဖလှယ်ကြမယ် ၊ တစ်နေ့တာအတွင်း ဖြစ်ခဲ့တဲ့အကြောင်းအရာတေွကို အပြန်အလှန်ပြောဆိုကြမယ် ၊ နှစ်ယောက်စလုံး စိတ်ဝင်စားမယ့် အကြောင်းအရာမျိုးကို ရေွးချယ်ပြောဆိုခြင်းဖြင့် လင်မယားစုံတွဲကြားက ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ပါတယ်။
၃။ သင့်ရဲ့ လက်တွဲဖော်အပေါ် ဂရုစိုုက်ပေးပါ။
ဒါကတော့ ခင်ပွန်းဖြစ်သူတေွ မှားလေ့ရှိတဲ့အမှားမျိုးပါပဲ။ မိမိရဲ့ ဇနီးဖြစ်သူထက် လူမဖြစ်လာသေးတဲ့ ဗိုက်ထဲက ကလေးငယ်လေးကို ပိုမို အာရုံစိုက်နေတာမျိုးပါ။ အသက်ငယ်ရွယ်တဲ့ အမျိုးသားတေွမှာ ပိုတေွ့ရတတ်ပါတယ်။ ဒါပေမယ့်် ဒီပြဿနာဟာ ကိုင်တွယ်ဖြေရှင်းရ မခက်ခဲပါဘူး။ သင့်ရဲ့ ကလေးဖြစ်သူကြောင့် သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မအေးစက်သွားသင့်တာတော့ အမှန်ပါပဲ။ တကယ်တမ်း ဖြစ်သင့်တာကတော့ ခင်ပွန်းဖြစ်သူအနေနဲ့ သူ့ရဲ့မျိုးဆက်ကလေးကို မေွးဖွားပေးတော့မယ့် မိခင်ဖြစ်သူကို ချီးမွမ်းပြောဆိုမှုတေွ မကြာခဏ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ဒီအချက်တေွဟာ တကယ်တမ်းလုပ်ဆောင်ဖို့ရာ မခက်ခဲလှပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် လင်မယားဆက်ဆံရေးကို မြှင့်တင်ပေးမယ့် အကောင်းဆုံးသော နည်းလမ်းတေွပဲ ဖြစ်ပါတယ်။
HYA (kyarlay)