ကလေးငယ်တစ်ယောက်ရဲ့ အပြုံးကို မြင်ရတာလောက် အေးချမ်းတဲ့အရာမရှိပါဘူး။ အခုမှ လူ့လောကထဲကို ပထမဆုံး စတင်ရောက်ရှိလာခဲ့တဲ့ ကလေးငယ်တစ်ယောက်ရဲ့ အပြုံးတစ်ပွင့်ဟာ ဘယ်လောက်ထိအေးချမ်းမှု ရှိသလဲဆိုတာ အဲ့ဒီ့ကလေးငယ်ရဲ့ မိဘနှစ်ပါးက ကောင်းကောင်းကြီး ရှင်းပြနိုင်ပါလိမ့်မယ်။ အထူးသဖြင့် သာမန်အချိန်မျိုးမှာ မဟုတ်ပဲ အိပ်ပျော်နေစဉ်မှာ ရုတ်တရက် ပြုံးလိုက်တဲ့အပြုံးကို မိဘတေွှမင်တေွ့လိုက်ရတဲ့အခါမှာ ပိုပြီးတော့တောင် ကြည်နူးမှု ဖြစ်ပေါ်စေပါလိမ့်မယ်။
ကိုယ့်ရင်သေွးငယ်ရဲ့ အပြုံးလေးတစ်ပွင့်ဟာ တစ်နေကုန် အလုပ်ခွင်မှာ ပင်ပန်းလာတဲ့ မိဘနှစ်ပါးအတွက်တော့ တကယ့်ကို အားဆေးတစ်ခွက်ပါပဲ။ အဲ့ဒါကြောင့် ကိုယ့်ကို စိတ်ကြည်နူးအပန်းဖြေစေတဲ့ ကလေးငယ်ရဲ့ အပြုံးဘာ့ကြောင့် ဖြစ်ပေါ်လာသလဲဆိုတာ မိဘတေွအနေနဲ့ မဖြစ်မနေ သိရှိထားသင့်ပါတယ်။ ဘာ့ကြောင့် ကလေးငယ်တေွဟာ အိပ်ပျော်နေချိန်မှာ ပြုံးရတာပါလဲ။...
အိပ်ပျော်နေချိန်မှာ ကလေးငယ်ဟာ ပြုံးပါတယ်။ တစ်ခါတစ်ရံမှာ ရယ်တဲ့အဆင့်အထိတောင် ရောက်ပါသေးတယ်။ ဒါဟာ အိပ်မက်မက်နေစဉ်မှာ ဖြစ်ပေါ်တဲ့ အိပ်ခြင်းအဆင့်(REM Sleep) ရဲ့ လှုံ့ဆော်မှုကနေ ဖြစ်ပေါ်လာတဲ့ ဦးနေှာက်ရဲ့ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အိပ်ပျော်နေချိန်မှာ ပြုံးတဲ့အပြုံးဟာ သူ့ရဲ့ အိပ်မက်ကို တုန့်ပြန်တာပါ။
မေွးကင်းစကလေးငယ်တေွအနေနဲ့ သူတို့ရဲ့ အတေွးပုံရိပ်တေွကို မဖော်ပြနိုင်သေးချိန်မှာ အိပ်မက်ထဲက အကြောင်းအရာတေွကို ပထမဆုံး အကြိမ် အပြုံးနဲ့ တုန့်ပြန်လိုက်တာပါပဲ။ ကလေးငယ်တေွဟာ သူတို့ရဲ့ ဆက်သွယ်ရေးကိရိယာအဖြစ် အပြုံးကို စတင်အသုံးပြုတာ ဖြစ်ပါတယ်။
ကလေးငယ်တေွအနေနဲ့ သူတို့ရဲ့ မိဘတေွ ၊ အရင်းနှီးဆုံး ထိတေွ့ရတဲ့ အုပ်ထိန်းသူတေွ ၊ အကြိုက်ဆုံးအရုပ်တေွ ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ အိမ်မေွးတိရစ္ဆာန်လေးတေွ အကြောင်းကို အိပ်မက်ထဲ မြင်မက်မိတဲ့ အခါမျိုးမှာ ပြုံးလေ့ရှိတာကို တေွ့ရမှာပဲ ဖြစ်ပါတယ်။
HYA (kyarlay)