မေမေတို့ရေ ဒီတစ်ခါမှာတော့ ဘေဘီလေးတွေကို စနစ်တကျနဲ့ဘယ်လိုပုံစံမျိုးသန့်စင်မှုတွေပေးနိုင်မယ်ဆိုတာလေးတွေကို မျှဝေပေးချင်ပါတယ်နော်။ ကလေးငယ်လေးတွေကို သန့်စင်ဖို့အတွက်ဆိုရင်တော့ ပထမဆုံးအကြိမ်ရေချို့သန့်စင်မှုကအရေးကြီးပါတယ်။ ကလေးငယ်ကိုစတင်ရေချိုးသန့်စင်ဖို့ဆိုရင်တော့ ချက်ကြွေးပြီးမှသာ ရေနွေး၊ ရေအေးတို့နဲ့ ရောစပ်ပြီးရေချိုးပေးသင့်ပါတယ်။ မနက်စောစောလည်း ရေမချိုးသင့်ပါဘူး။ နေ့လယ် (၁၁) နာရီကနေ (၁၂) နာရီကြား၊ ညနေ (၃) နာရီကနေ (၄) နာရီကြားကိုချိုးပေးသင့်ပါတယ်။ ညနေ ၅ နာရီနောက်ပိုင်းကိုလည်း ရေမချိုးသင့်ပါဘူး။ အဲ့ဒီအချိန်ကကလေးအတွက် အအေးမိစေနိုင်တာကြောင့် မေမေတို့က ဂရုစိုက်ပေးပါနော်။
မေမေတို့ရေ ကလေးငယ်ကို ရေချိုး၊ ခေါင်းလျှော်တဲ့အခါမှာလည်း နားထဲကို ရေမဝင်ဖို့ အထူးသတိထားဖို့လိုပါတယ်နော်။ ကလေးတွေအနေနဲ့ နားထဲကိုရေဝင်တဲ့အခါ နားနာပြီး ပြည်ယိုတတ်ပါတယ်။ နားပြည်ယိုတဲ့အခါ ဦးခေါင်းကနေ ပြည်တည်တတ်ပြီး ဦးနှောက်အမြှေးယောင်တဲ့အထိ ဖြစ်တတ်တာကြောင့် ဂရုစိုက်ရမှာလည်းဖြစ်ပါတယ်။ နောက်ပြီး မေမေတို့ဂရုပြုဖို့နောက်တစ်ခုက နားထဲကို မလိုအပ်ဘဲ ဆီ၊ အရက်ပျံလိုအရည်တွေ ထည့်မပေးသင့်ပါဘူးနော်။ ကလေးတွေကို နားမကလော်ဖို့လည်း ဂရုစိုက်ရမှာပါ။
မေမေတို့ရေ ဘေဘီလေးတွေကို ရေချိုးသန့်စင်ပေးတဲ့အခါ ဂျိုးကြားက ကြေးတွေကိုလည်း တိုက်ပေးဖို့မမေ့ပါနဲ့နော်။ ပေါင်ကြား၊ တံကောက်ကွေးရှိကြေးတွေကိုလည်း မေမေတို့က စနစ်တကျတွန်းပေးရမှာပါ။ ဘေဘီလေးတွေရဲ့အသားအရည်က နုနယ်တာကြောင့် အကြမ်းဖိတွန်းစရာမလိုဘဲ ညင်သာစွာပွတ်သပ်ပေးရုံနဲ့တင် သန့်စင်စေပါတယ်နော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး