Kyarlay.com

over 1 year

သားသားမီးမီးတို့အကြိုက် ကြက်သားစွပ်ပြုတ် ချက်ပြုတ်နည်း ..


Y8v0tya35c3knmbzor6o

မေမေတို့ရေ ဒီနေ့မှာတော့ သားသားမီးမီးတို့အားလုံးအကြိုက်တွေ့စေမယ့် ကြက်သားစွပ်ပြုတ်ဖြည့်စွက်စာလေး ချက်ပြုတ်ဖို့ပြင်ဆင်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ ..
- ကြက်သား
- ကြက်သွန်နီ
- မုန်လာဥနီ
- ခရမ်းချဉ်သီး
- အာလူး
- ပဲစိမ်းလုံး
- ဆန် အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာ ရေပွက်ပွက်ဆူနေတဲ့ အိုးထဲကို ကြက်သွန်နီတစ်စိတ်ထည့်ပါ။
- ရေဆေးသန့်စင်ထားတဲ့ ကြက်သားထည့်ပါ။
- မုန်လာဥနီ၊ အာလူးနဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို အခွံနွှာပြီး ပါးပါးလှီးပါ။
- ပြီးရင်တော့ ကြက်သားပြုတ်အိုးထဲကို အသီးတွေထည့်ပြုတ်ပါ။
- ခဏကြာရင်တော့ ပဲစိမ်းလုံးလေးတွေကို ဆန်လက်တစ်ဆုပ်စာလောက်နဲ့ရောပြီး အိုးထဲထည့်ပါ။
- ကြက်သားအပါအ၀င် အိုးထဲမှာပြုတ်ထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးနူးအိပြီးရင်အောင် အိုးပေါ်မှချပြီး ကြက်ပြုတ်ရည်ကို စစ်ယူပါ။
- အသီးနဲ့အသားဖတ်တွေကိုတော့ Blander ထဲကိုထည့်ပြီးကျိတ်ပါ။
- ထည့်ကျိတ်တဲ့အခါမှာတော့ ကြက်ပြုတ်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။
- အားလုံးကျိတ်ပြီးရင်တော့ ပန်းကန်လုံးလေးထဲမှာထည့် ကြက်ပြုတ်ရည်လေးအပေါ်ကဆမ်းပြီး အရသာရှိတဲ့ ကြက်သားစွပ်ပြုတ်လေးကို ဘေဘီလေးတွေအတွက် ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။

(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)